"ငါ့သမီး ဒီရက် အစားအသောက်သောင်းကျန်းနေပါ့လား"
"မထင်ပါနဲ့ဖေဖေ ...မီး စိတ်ညစ်လို့ပါ"
"ဟေ...ဘာလို့တုန်း....ဖေဖေ့ကိုပြောစမ်း"
"မီး ဖေ့ဖုတ်အကောင့်ပျက်သွားလို့"
ဖေဖေက သက်ပြင်းရှည်ကြီးချလိုက်ရင်း....
"ဒါတွေက ဘဝမှမဟုတ်တာသမီးရယ်...ပျက်သွားရင်ထပ်ဖွင့်ပေါ့"
"ထပ်ဖွင့်လို့ရပေမယ့် ....မရှိတော့တဲ့friတချို့ကိုတော့ ပြန်မရနိုင်တော့ဘူးလေ"
ဖေဖေက အနားမှာ ထိုင်လိုက်ရင်း ခေါင်းကိုဖွဖွလေးပွတ်ပြီးပြောရှာတယ်။
"တချို့က လဲ သမီးလေးကို လာaddကြမှာပါ ....သမီးကလဲ မှတ်မိသ၍ပြန်addပေါ့ကွယ်"
"ဗျဲ.....အီးဟီးဟီး"
"ဟာ...ပြောကာမှ ထငိုပြန်ပြီ. ဘာဖြစ်ရပြန်တာတုန်း"
"သမီးအကောင့်ထဲ သူတို့မရှိရင်မဖြစ်သလို. သူတို့အတွက်လဲ မီးမရှိရင်အဆင်မပြေလောက်ဘူး"
ဘုရား ဘုရား. ....ငါ့သမီးလေးက အဲ့လောက်အရေးပါနေလို့လား .....ဘာဖြစ်လို့ပါလိမ့် ဆိုတဲ့အကြည့်နဲ့ဖေဖေက ကြည့်နေတယ်......ကိုယ်လဲကျလက်စ မျက်ရည်ကို သုတ်လိုက်ရင်း တခွန်းဘဲပြန်ဖြေလိုက်တယ်.......
"ဟုတ်တယ်ဖေဖေ......မီးလို ရုပ်ရည်ချောမော လှပတဲ့ကောင်မလေးရဲ့ပုံတွေသာ မမြင်ရတော့ရင် သူတို့ဝမ်းနည်းပက်လက်နဲ့ငိုကြွေးနေကြမှာ သနားလို့ပါ ဖေဖေရယ်" လို့လေ။
😁😁😁😁😁😁😁😁😁😁😁
# Jue JueLay(မူရင်းရေးသူ)
😍😍😍♥️♥️♥️
ReplyDeleteရီဂမလား😞
ReplyDeleteAgain.
Delete😂😂
ReplyDelete🤪🤪🤪
ReplyDelete