ပူပူနွေးနွေး ညားခါစ လင်မယားနှစ်ယောက်.. 
ကမ်းခြေတစ်ခုကို ဟန်းနီးမွန်း ထွက်လာကြသည်

လင်မယားနှစ်ယောက်ဟာ
ကမ်းခြေက ဟိုတယ် တစ်ခုမှာ တည်းပြီး..ပျားရည်စမ်း ကြတာပေါ့

အဲ..
ချစ်စ ခင်စ ကြင်နာစ အချိန် ဆိုတော့လည်း
တစ်ယောက်နဲ့တစ်ယောက်.. ကြည့်မဝ..ရှုမဝ..မိုးမမြင် လေမမြင်..ဖြစ်နေကြတာပေါ့ဗျာ..

ဒီလိုနဲ့
ထမင်းစားချိန်ရောက်တော့
နှစ်ယောက်သား..ဟိုတယ်က စားသောက်ခန်းထဲ ဝင်လာပြီး ထိုင်လိုက်ကြတယ် ဆိုရင်ပဲ..
စားပွဲထိုးလေးက ရောက်လာပြီး မေးလိုက်တယ်

" ဆရာတို့..ဘာများ သုံးဆောင်ချင်ပါသလဲ? "

ဤအခါ
ဇနီးချောလေးက သူ့လင်တော်မောင်ကို
ပွတ်သပ်ပြီး..ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်တယ်

" မောင်..ခင် ဘာကြိုက်တယ် ဆိုတာ..မောင် သိတယ်နော် ''

ထိုအခါ
လင်ဖြစ်သူ ပြန်ပြောလိုက်တာက..

"သိပါတယ်ကွာ..
ထမင်းလေးတော့..စားပါရစေအုံးဟ'' ..

" တိန် ''

😂😂😂😂😂😂😂

တွေးရခက်ကြီးဗျာ...

Credit...Original Writer
#တာဇဲ
😁😁

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့