မသိဘူး
ကိုရိုးနဲ့ မယ်ခ တို့ အိမ်ထောင်ကျသွားကြသည် .
ကိုရိုးက ဒီဘက်ရွာ မယ်ခ က ဟိုဘက်ရွာ တစ်ယောက်တစ်ရွာ ဆီကဖြစ်သည်
အိမ်ထောင်ကျတော့ ကိုရိုး ရွာတွင် မယ်ခ လိုက်နေရသည် ..
တနေ့ မယ်ခ ကိုယ်ဝန်ရှိနေပြီးဖြစ်သဖြင့် ..
သတင်းမေးရန် ဟိုဘက်ရွာမှ မယ်ခ ၏ ဖခင်လာမည်။
ခက်တာက ကိုရိုး ၏ အဖေသည် မယ်ခ ဖခင်ဖြစ်သူအား အကြွေးပေးစရာရှိလေသည်။
ထို့ကြောင့် မယ်ခ အဖေ လာလျှင် ရှောင်နေမည်ဟု ဆုံးဖြတ်လိုက်သည် ။
မနက်ရောက်သောအခါ မယ်ခ အဖေ လာခါနီးတွင်
အပြင်သို့ ရှောင်နေရန် ထွက်သွားသည်။
လမ်းရောက်သော် သူသား ကိုရိုး သည် နုံနုံ အအ ဖြစ်သဖြင့်
စကားမှားမည် စိုးသောကြောင့် ပြန်လှည့်လာပြီး..
"သား မင်း ယောက္ခမ လာလို့ အဖေ့ ကိုမေးရင်
ညထဲက တောင်ပေါ်မှာ ကာလသားတွေနဲ့ သွားအိပ်တယ်လို့ပြောလိုက်..".
ဟုပြောပြီး ထွက်သွားပြီးမှ...
မဖြစ်သေးပါဘူး တော်ကြာ
နွားတွေ ဆွဲသိမ်းသွားရင် ဒုက္ခ ဆိုပြီး ပြန်လှည့်လာတယ် ..
"ဒီမှာ သား နွားတွေမေးရင် မနက်ထဲက ကြိုး ဖြည်ပြီး
လွတ်လိုက်တာ ခုထိ အစန မတွေ့ရသေးဘူးပြောလိုက် .."
"အေ အကြွေးကိစ္စ မေးရင် အဖေ့ကိစ္စ အဖေပြန်လာမှ
ရှင်း သားမသိဘူး လို့ ပြောလိုက်ကြားလား .."
"ဟုတ်အဘ..."
ဆိုပြီး ကိုရိုး အဖေ လဲ ထွက်သွားလေရဲ့
မကြာပါဘူး မယ်ခ အဖေ ရောက်လာတော့တယ် .
"ဟေ့ သား ကိုရိုး ..."
"ဟာ...အဖေ .. လာ လာ ထိုင်.."
"သားရေ မင်းအမေကော .."
"ညထဲက တောင်ပေါ် မှာ ကာလသား တွေနဲ့ သွားအိပ်
တယ် အဖေ ရဲ့ .."
"ဟမ်..... ဒါဆို မင်းအဖေကကော .."
"မနက်ထဲက ကြိုး ဖြည်ပြီး လွတ်လိုက်တာ ခုထိ အစအန
မတွေ့ရသေးဘူး.."
"ဟာ... "
ဒီကောင် အူကြောင်ကြောင် နဲ့ မဖြစ်သေးပါဘူး
ငါ့သမီးအကြောင်းမေးအုံးမှ ပဲ ..
"သား မယ်ခ ကိုယ်ဝန် အခြေအနေ ဘယ်လို ရှိလဲ .."
"အဲဒါအဖေ့ကိစ္စ အဖေလာမှ ရှင်း သားမသိဘူး.."
"ဟမ်..."
ကိုရိုးတစ်ယောက်. ယောက္ခမ လိုက်ရိုက် လို့ ပြေးရပါ
လေ ရော ...:p.:p.:p
creditပါ
😅😅
ReplyDelete👓👓👓👓
ReplyDeleteyi ya tal admin
ReplyDelete✅😂
ReplyDeleteDone
ReplyDelete