"ယောက်ျားရေ ကျမ ဓမ္မတာ မလာတာ တစ်လကျော်နေပြီတော့"
"အဲဒါနဲ့မနက်က သားဖွားဆရာမလေးကိုသွားပြတော့ 
ကိုယ်ဝန်ရှိတာလို့ပြောတယ်။ 
ကျုပ်တို့တော့ သားဦးလေးရတော့မယ် ထင်တယ်နော် 
ယောက်ျား"

"ဟာ ဒါဆိုပျော်စရာကြီးပေါ့။ 
ဒါပေမယ့် ဆရာဝန်နဲ့ပြကြည့်မှသေချာမှာဆိုတော့ 
အဲဒီအကြောင်း ဘယ်သူ့မှမပြောနေနဲ့ဦးနော်"

"အင်းပါ ယောက်ျားရဲ့"

နောက်တနေ့မနက်မှာ လျှပ်စစ်မီတာရုံးက 
မီတာကြေးမဆောင်လို့ သတိပေးတဲ့ ဖုန်းဝင်လာသည်။ 
မိန်းမဖြစ်တဲ့သူက ကောက်ကိုင်လိုက်တယ်

"ဟယ်လို"

"ဟုတ်ကဲ့ ကျွန်တော်တို့ မီတာရုံးကဆက်တာပါခင်ဗျ။ 
အခုပြောနေတာ ဒေါ်မိုးမိုးလားမသိဘူး"

"ဟုတ်ပါတယ်ရှင်။ ဘာကိစ္စရှိလို့ပါလဲရှင့်"

"ဟုတ်ကဲ့ ဒေါ်မိုးမိုးအနေနဲ့ ရက်ကျော်နေတာ 
တစ်လရှိနေပြီဆိုတဲ့အကြောင်း လှမ်းသတိပေးတာပါခင်ဗျ"

ဒေါ်မိုးမိုး နဲနဲတော့တင်းပြီလေ။ 
သူ့ဟာသူ ရက်ကျော်တာ မီတာရုံနဲ့ဘာဆိုင်တုန်း။ 
ရှက်ကလဲရှက် အသက်ကလည်းငယ် 
အိမ်ထောင်ကျတာလဲမကြာသေးဘူးဆိုတော့ 
သူဓမ္မတာထိန်တာ သူ့အပူပါလားပေါ့။

"ဒီမယ် ဒီမယ် ကျမဘာသာကျမ တလကျော်ကျော် 
နှစ်လကျော်ကျော် ရှင်တို့နဲ့ဘာဆိုင်လို့တုန်း"

"ဟုတ်ကဲ့ ကျွန်တော်တို့လည်း အထက်ကခိုင်းတဲ့အတိုင်း 
လုပ်ရတာပါ အစ်မ။ ကျွန်တော်တို့ဆီမှာ ဒေါ်မိုးမိုးတို့ရဲ့
မှတ်တမ်းဖိုင်တွေကွန်ပျူတာမှာရှိပါတယ် 
မယုံရင်ရုံးလာကြည့်လို့ရပါတယ် ခင်ဗျ" ဆိုပြီး
ဖုန်းချသွားပါလေရော

ညနေသူ့ယောက်ျားရုံးကပြန်လာတော့ တိုင်တော့တာပဲ။

"တောက် ဒါတော်တော်တရားလွန်တယ်ကွာ။ 
မိန်းမကိုယ်ဝန်ရလို့ ပျော်ရမလားအောက်မေ့တယ်။ 
သင်းတို့က ငါ့မိန်းမ ရာသီလာမလာကိုတောင် မှတ်တမ်းနဲ့ 
မှတ်ထားတယ်ဆိုတော့ တွေ့မယ်။ 
သူများကိုယ်ရေးကိုယ်တာတွေ စပ်စပ်စုစုလုပ်လွန်းတဲ့ ဟာတွေ"

မနက်ရောက်တော့ ယောက်ျားလုပ်တဲ့သူက မီတာရုံးက 
ဦးစီးရုံးခန်းမှာသွားဖြဲတာပေါ့ ဘာရမလဲ။

"ခင်ဗျားတို့ ဘယ်လိုလုပ်တာလဲဗျ။ 
ကျုပ်တို့ဟာကျုပ်တို့ တလကျော်ကျော် နှစ်လကျော်ကျော် 
ဘာကိစ္စကွန်ပျူတာမှတ်တမ်းနဲ့မှတ်ပြီး အကြောင်းကြားနေရတာလဲ"

"ဒါကဒီလိုရှိပါတယ် ခင်ဗျ။ ကျွန်တော်တို့က 
အခုလိုကွန်ပျူတာမှတ်တမ်းထားရှိတယ်ဆိုတာ 
လူကြီးမင်းတို့ ဆီက ပိုက်ဆံတောင်းဖို့ပါ"

"ဘာကွ ရက်တလကျော်တာနဲ့ ငါတို့က ပိုက်ဆံတောင်ပေးရဦးမယ်
ဟုတ်လား။ ကဲဆိုစမ်းပါဦး မပေးနိုင်ဘူးဆိုရင်ကောကွာ"

"လူကြီးမင်းက ပေးဖို့ငြင်းဆိုတယ်ဆိုရင်တော့ လူကြီးမင်းရဲ့ဟာကို ကျွန်တော်တို့ ဖြတ်တောက်ရုံကလွဲပြီးတခြားရွေးခြယ်စရာရှိပါဘူး"

"ဘာကွ မင်းတို့ကငါ့ကိုဖြတ်တော့ ငါ့မိန်းမက ဘာသွားသုံးရမှာလဲ"

"ဖယောင်းတိုင်သုံးလို့ရပါတယ် ခင်ဗျာ"
-ဘာကြ 😡😡

#Credit

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့