ကမ္ဘာ့ဖလားဘောပွဲ အိမ်ရှင်အဖြစ် တစ်ခါလေး
----------------------------
လက်ခံခဲ့ရပါတယ်.....
---------------------------
( စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်လို့ပဲမှတ်ပါ )
ခရစ်သက္ကရာဇ်(၂၀၃၄)ခုနှစ် ဇွန်လ, လလယ်တစ်ရက်..။
ထိုနေ့သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ
သော ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲနေ့ဖြစ်၏...။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော်ခန့်ကပင်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး(FIFA)ထံတွင် ကမ္ဘာ့ဖလား
ဘောလုံးပွဲ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ပြုပါရန် မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကြိုးစားတောင်းဆိုခဲ့မှုကြောင့်
(၂၀၃၄)ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့် ရရှိခဲ့လေသည်။
ဤသို့ဖြင့်...အထက်တွင်ဖော်ပြခဲ့သလို..(၂၀၃၄)ခုနှစ်
ဇွန်လ, လလယ်ပိုင်းတစ်ရက်တွင် ကမ္ဘာ့ဖလားဘောလုံး
ဖွင့်ပွဲအခန်းအနားနှင့်တကွ အိမ်ရှင်မြန်မာနိုင်ငံအသင်းနှင့်
လက်ရှိချ န်ပီယံ ဗလာစီယာ(အဲလေ)ဘရာဇီးနိုင်ငံ ဘော
အသင်းတို့ အဖွင့် ယှဉ်ပြို င်ကြမည် ဖြစ်လေရကား အနှစ်
နှစ် အလလ မျှော်လင့်စောင့်စားခဲ့ရသော မြန်မာဘောလုံး
အသင်း၏ ကမ္ဘာ့ဖလားလုပွဲခြေစွမ်းပြခွင့်ကို ကြည့်ရှူ
ရတော့မည်ဖြစ်၍ မြန်မာနိုင်ငံသားအားလုံး ဝမ်းမြောက်
ရွှင်လန်း တက်ကြွနေကြလေ၏ ။ အိမ်ရှင်နိုင်ငံ ဖြစ်သည့်
အားလျော်စွာ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ ဝင်ရန်မလိုဘဲ
အော်တိုငုတ်တုတ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့လေပြီ ။
လာရောက်အားပေးကြည့်ရှူ ကြသည့် ဘောလုံးဝါသနာ
အိုးတို့ကား ပရိသတ် တစ်သိန်းနီးပါးခန့် ဝင်ဆန့်သည့်
နေပူတော်( - - - - )အားကစားကွင်းအသစ်စက်စက်ကြီး
တွင် အင်တိုက်အားတိုက် ရှိကုန်ကြသည်တမုံ့....။
အားကစားကွင်းသစ်ကြီ၏ V.I.P စင်မြင့်ထက်တွင်ကား
မြန်မာနိုင်ငံတော်သမ်မာတကြီးနှင့် ကမ္ဘာ့ဖလားအဖွဲ့ချုပ်
(FIFA)မှ ဥက္ကဋ္ဌကြီးတို့နှစ်ဦး၏မျက်နှာများမှာလည်း...
ပျားရည်စက်ပေါ်သကာရည်လောင်းပြီး သကြားဖြူးထား
ဘိအလား အစွမ်းကုန် ချိုမြလန်းဆန်းနေကြတော့၏..။
ဘရာဇီးပရိသတ်နှင့် အခြား ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ
ဘောပွဲကြည့်ရှူ ရန် ရောက်ရှိနေကြသော ပရိသတ်များမှာ
မြန်မာနိုင်ငံသားတို့၏ရွှင်လန်းတက်ကြွနေပုံကို ကြည့်
ပြီး ရင်သပ်ရှူမော အံ့မခန်း ဖြစ်ကြကုန်တော့သည် ။
မြန်မာတစ်နိုင်ငံလုံးရှိ ဘောလုံးခလေးစီး(crazy)အပေါင်း
တို့သည်လည်း ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲကို ကြည့်ရှူ
ရန် တီဗွီဖန်သားပြင်ရှေ့၌ အသီးသီးနေရာယူထားကြပြီး
ပြည်သူ့အကျိုးကူ စကိုင်းဖြူ ရုပ်သံလွှင့်ဌာနကြီး၏ ရုပ်သံ
တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း စတင်လွှင့်နေပြီ ဖြစ်
လေသည် ။
" သံလစိ "ဦးဆောင်သော ကလေးတစ်သိုက်ပင်လျှင်
ဝမ်ဒိုးလှိမ့်ခြင်း ၊ ထွေခင်းခြင်း ၊ ဖန်ခုန် ထုတ်ဆီးတိုးခြင်း
စသည့် ကစားနည်းများကို ရပ်တန့်ကာ တီဗွီဖန်သားပြင်
ရှေ့၌ တဟေးဟေး တဟားဟားနှင့် ကမ္ဘာ့ဖလားဘောပွဲ
ကြည့်ရန် စိတ်ထက်သန်နေကြလေပြီ..။
ပေါင်ဖြူဖြူ အလှပဂေးမလေးတို့၏ ပန်းပွားအက ၊
မြန်မာနိုင်ငံတော်အလံပုံ သရုပ်ဖော်အလှ၊ မြန်မာ့ရိုးရာခြင်း
အလှခတ်ပွဲ..စသဖြင့် မျ က်စေ့ပသာဒဖြစ်စရာ ကွင်းဖွင့်ပွဲ
သရုပ်ဖော်ချက်များက မြန်မာတစ်နိုင်ငံလုံးရှိ ပရိတ်သတ်
အပေါင်းသာမက တကမ္ဘာလုံးရှိပရိသတ်အပေါင်းကိုပါ ဖမ်းစားနိုင်လွန်းတော့သည် ။
တစ်ချိန်က.. မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဟု
အသံကောင်းလွှင့်ခဲ့သော်လည်း.. ထဘီပင်မလွှမ်းနိုင်ခဲ့
သောအဆင့်မှ ယနေ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွင်ပါဝင်
ယှဉ်ပြိုင်တော့မည့် မြန်မာဘောလုံးအသင်းသည်လည်း
လက်ရှိချန်ပီယံ ဘရာဇီးအသင်းကို အနိုင်ယူအံ့ဟူသော
စိတ်ဓာတ်ဖြင့် ဘောကွင်း၏တစ်နေရာတွင် သွေးပူလေ့
ကျင့်ခန်း လုပ်နေကြသည်ကို တီဗွီဖန်သားပြင်ပေါ်တွင်
တွေ့မြင်နေရလေသည် ။ (၂၀၃၄)ကမ္ဘာ့ဖလားပွဲကိုပါဝင်
ယှဉ်ပြိုင်ရတော့မည်ဆိုကတည်းက တစိုက်မတ်မတ်နှင့်
ကြိုးပမ်းခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကြီး
သည် ချစ်ကြည်ရေးဖိတ်ခေါ်ခြေစမ်းပွဲတိုင်း ကမ္ဘာ့နာမည်
ကြီး ဘောအသင်းများဖြစ်ကြသော ဘရာဇီး ၊ အင်္ဂလန် ၊
အာဂျင်တီးနား ၊ ပေါ်တူဂီ ၊ စပိန် အစရှိသည့်အသင်းကြီး
များကို အနိုင်ယူ အောင်မြင်ခဲ့သည်ဖြစ်၍ ယခု ( ၂၀၃၄ )
ကမ္ဘာ့ဖလားပွဲတွင် ဗိုလ်စွဲနိုင်ခြေရှိသည်ဟု"တစ်"ပေးခံနေ
ရသော အသင်းတစ်သင်းလည်း ဖြစ်နေချေ ပြီတည်း ။
ဖွင့်ပွဲအခန်းအနားကြီးပြီးသွား၍ ယှဉ်ပြိုင်ကြမည့် ဘော
အသင်းနှစ်သင်းမှ ကစားသမားများ ကွင်းအတွင်းဝင်လာ
ကြကာ ပရိသတ်ကို အရိုအသေပေးကြပြီးနောက် နိုင်ငံ
တော်သီချင်းကို အလှည့်ကျဆိုနေကြချေပြီ ။ ဦးစွာသီဆို
ရသော မြန်မာအသင်းအားကစားသမားများ၏ သီဆိုမှု
နှင့်အတူ ကြည့်ရှူ နေကြသော မြန်မာ့ဘောပရိသတ်များ
သာမက တစ်နိုင်ငံံလုံးရှိ တီဗွီဖန်သားပြင်ရှေ့မှ ပရိသတ်
များပါ တညီတညွတ်ထဲ လိုက်ဆိုကြလေရာ နိုင်ငံတော်
သီချင်းသံသောသောညံနေသည်မှာ အိမ်နီးခြင်း အိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ လောနှင့် ယိုးဒယားနိုင်ငံများအထိ
အတိုင်းသား ကြားရမလား ထင်ရလောက်သည် ။
မကြာမီ ကွင်းလယ်ဒိုင်လူကြီးမင်းနှင့် အရံဒိုင်လူကြီးမင်း
တို့ ရောက်လာကြပြီး ယှဉ်ပြို င်ကြမည့် အသင်းနှစ်သင်း
ကိုမိတ်ဆက်ပေးသည်။ အသင်းနှစ်သင်း၏ ခေါင်းဆောင်
များခေါင်းပန်းလှန်၍ နေရာရွေးခြယ်ပြီးနောက် အသီးသီး
ကိုယ့်နေရာ ကိုယ်ယူကြလေပြီ ။ အသင်းခေါင်းဆောင်
နှစ်ဦးလည်း စပေးဘောလုံးကို ကန်ရန် ဒိုင်လူကြီးမင်း၏
ဝီစီသံကို နားစွင့်နေကြလေပြီ..။ ဒိုင်လူကြီးမင်းကလည်း
နှစ်ဖက်အားကစားသမားတို့၏အနေအထားကို စိတ်ကျေနပ်
ရှိ မရှိ စစ်ဆေးပြီး ပွဲစတင်ကြောင်း ဝီစီမှုတ်လိုက်သည်နှင့်
မြန်မာတစ်နိုင်ငံလုံးရှိ တီဗွီဖန်သားပြင်ရှေ့၌ ရှိကြကုန်သော ပရိသတ်အပေါင်း၏ နှုတ်မှအသံများ ပြိုင်တူတညီတညွတ်
တည်း ထွက်လာကြကုန်သည်မှာကား.....
" ဟာ....မီးပျက်သွားပြီ...."
" အရေးကောင်းပြီဆို..လုပ်ပြီ..ငလူးမ...အီး ပီ စီ.."
:-) :-) :-) :-) :-)
( ဪ...ခေတ်တွေသာအမျိုးမျိုးပြောင်း..လူတွေလည်း
အချိုးပြောင်းရင်သာ ပြောင်းသွားမည်..ဘယ်တော့မှ
မပြောင်းလဲတာက အီး ပီ စီ...အတော်သစ္စာရှိပေသည် )
ဖိုးစိန်လေး
Crd.
via.Soelamin
🌚🌚🌚
ReplyDeleteစာရှည်တယ်
ReplyDeleteဟုက်ပ
ReplyDelete👁️👁️👁️
ReplyDelete🌻🌻🌻
ReplyDeleteပေရိုးမအီးပီစီ
ReplyDelete