ယောကျာ်း

 " ယောကျ်ား..''


" ဟေ..''


" တော်...ခင်ဝင့်ဝါကို..တော်တော် ကြိုက်လား..?''


" ဟမ်..ဘာဖြစ်လို့တုန်း..''


" ကျုပ်မေးတာ..ဖြေစမ်းပါ..။ တော်..ခင်ဝင့်ဝါကို..တော်တော်ကြိုက်လားလို့..''


" နေပါအုံး မိန်းမရယ် ။ ဘာဖြစ်လို့..အဲ့ဒါ..လာမေးနေတာလဲ? "


" ဘာဖြစ်ရမလဲ! ..။ တော်က..တစိတ်ရှိ..ပါးစပ်က..ခင်ဝင့်ဝါ.. ခင်ဝင့်ဝါ.. နဲ့..။တီဗိီက. ခင်ဝင့်ဝါ ကြော်ငြာလေးများ လာရင်လည်း..မျက်တောင်ကို မခပ်ဘူး..။..ကျုပ်တစ်ယောက်လုံး..ဘေးမှာ ရှိနေတာကို..တစိတ်ရှိ..အဲ့ခင်ဝင့်ဝါ..ပဲ..ဖြစ်နေတာ..။ အဲ့ဒါ..ရှင်..တော်တော် ကြိုက်နေလား..လို့..''


" မဆိုင်ဘူးလေ..မိန်းမရယ် ။ သူက မင်းသမီးလေ..''


" မင်းသမီးဖြစ်ဖြစ်..ဘာဖြစ်ဖြစ်ရှင် ။ ရှင်..အဲ့သည့် ခင်ဝင့်ဝါ ကို..ရရင်..တကယ် ယူမလား..?''


" မဖြစ်နိုင်တာပဲ မိန်းမရယ်..''


" ဖြစ်နိုင်တာ..မဖြစ်နိုင်တာ..အသာထား။ ကျုပ်မေးတာပဲ..ဖြေ။တော်..အဲ့ခင်ဝင့်ဝါက..တော့်ကို..ယူမယ်ဆိုရင်..တော် ယူမလား..လို့..''


" မိန်းမရယ်..။မဟုတ်တာကို..မရစ်စမ်းပါနဲ့..။ ဟိုက..မင်းသမီးလေ..ငါ့လိုကောင်ကို..ယူမလား..။ဖြစ်မှ မဖြစ်နိုင်တာကို..''


" မဖြစ်နိုင်ရင်လည်း..တော့်ပါးစပ်က..ဘာလို့..အဲ့မင်းသမီးနာမည်ပဲ..တဖွဖွ ရွတ်နေရတာလဲ ။ ဘာလို့..အဲ့မင်းသမီးလာရင်..ပြူးပြဲ ကြည့်နေရတာလဲ..?..။ ကဲ..ပြော..''


" ဪ..မိန်းမရယ် ။ ဒါကတော့..လူတိုင်းမှာ..ရှိတဲ့ အာသီသ..အချစ်မျိုးပေါ့..။အာသီသ တစ်ခု အနေနဲ့....ချစ်လို့ ချစ်တာ..။ ချစ်စရာကောင်းလို့..ချစ်တာလေ..။သူ့ကို ချစ်တဲ့အချစ်က..လုံးဝ အဖြူထည်..။ဘာအရောင်..ဘာကာလာမှ..မပါဘူး။ အဲ့သည့်အချစ်မှာ..ရယူလိုတာတွေ..မပါဘူး။..ပိုင်ဆိုင်လိုတာတွေ မပါဘူး။ ကာမတဏှာတွေ မပါဘူး..။ ဥပမာ..Ahpine သောက်ရေသန့်လေးလို ပေါ့..။..ဖြူဖြူစင်စင် ကြည်ကြည်လင်လင်..ချစ်တဲ့အချစ်မျိုးပါကွာ...''


". .ဒါဖြင့်...ကျုပ်ကြတော့ကော..?''


" ဪ..မင်းကြတော့..အများကြီး ပါသွားပြီလေ။ မင်းကို ချစ်တဲ့အချစ်မှာ ကြတော့...။ကာမတဏှာ ပါမယ်။ရယူပိုင်ဆိုင်လိုတဲ့ အတ္တလောဘ ပါမယ် ။ မခွဲမခွာ နေချင်တဲ့ သံယောဇဥ် ဆိုတာ ပါမယ်။အနာဂတ်ကို ပုံဖော်မယ့် ရည်ရွက်ချက် ဆိုတာပါမယ်။..သိုက်မြုံတဲ့မိသားစုလေး..တည်ဆောက်ချင်တဲ့.အိပ်မက်..ဆိုတာကလည်း..ပါအုံးမယ်..။..အိုကွာ..မင်းကို..ချစ်တဲ့အချစ်မှာကြတော့....အများကြီး အများကြီးပေါ့..''


" အင်း..ဒါဆို..ကျုပ်ကြတော့..ဘာနဲ့တူသလဲ..?''


" အယ်..မင်းကြတော့....ရွှေရင်အေး တစ်ခွက်လိုပေါ့.မိန်းမရယ်..။ပေါင်မုန့်တွေ ကောက်ညှင်းတွေ..ကျောက်ကျောတွေ..နို့တွေ..မုန့်လက်ဆောင်းတွေ..အို..အဲ့လို စုံစိအောင် ပါနေတဲ့..အမောပြေ..ရွှေရင်အေးလေး..တစ်ခွက်လိုပေါ့..''


" အမလေး..တတ်လိုက်တာနော် ။ယောကျ်ား..ခုလို ရှင်းပြလိုက်တော့လည်း..ဟုတ်နေတာပဲ..။ နားလည်ပါပြီတော်..''


" အဲ့ဒါပဲလေ..မိန်းမရယ်။ ရွှေရင်အေးနဲ့ ရေသန့်..။အရသာချင်း..တန်ဖိုးချင်း..တူမလား..။ဟုတ်တယ်နော်..။

..ကဲ..မင်း​ပြောသလို....ခင်ဝင့်ဝါက..ငါ့ကို ယူမယ်ပဲ..ထား။ ငါက..ယူလို့..ရမလား?။မရဘူးနော်..''


" ဘာဖြစ်လို့လဲ..?''


" ဟ...မင်းစဥ်းစားကြည့်လေ။သွသူ..ဘယ်လောက်ပဲ..ကြည်သန့်နေတဲ့ရေ..ဖြစ်ဖြစ်။..ရွှေရင်အေးထဲ..လာရောရင်....အဲ့ရွှေရင်အေးက..ကောင်းပါတော့မလား။ပျက်ပြီလေ။ ..ဟုတ်တယ်နော်''


"အို..ဟုတ်တာပေါ့..ယောကျ်ားရယ်။ ကြည့်စမ်း..ငါ့ယောကျ်ား..တော်လိုက်တာ..''


.


". .အဲ့ဒါ..ပြောတာ..။ရွှေရင်အေး စားပြီးမှ....ရေ သောက်ရင်တော့..တစ်မျိုးပေါ့..''


"ဘာ...!''


😁😁😁😁😁😁😁


#လူချွန်တော်

Comments

Popular posts from this blog

ချောတယ်လို့