ငယ်ဖြူ ဦးဇင်း
ငယ်ဖြူဦးဇင်းတွေဆိုတာ ရိုးရိုး,အအ တွေကများပါတယ်၊အထူးသဖြင့်တော့ အညာစာသင်တိုက်က ဦးဇင်းတွေပေါ့။
ပခုက္ကူ ကျုပ်တို့အဆောင်မှာ အခန်းလေးနဲ့နေတဲ့ နောင်တော်တပါးရှိတယ်။
တရက်တော့
ကျုပ်က သူ့အခန်းထဲ ယောင်တောင်တောင်နဲ့ ရောက်သွားပြီး သူ့စာကြည့်စားပွဲပေါ်က pound မျက်နှာသစ်ဗူးလေးတွေ့တယ်။
တကယ်က သူ့မှာ အဲဗူးလေးနဲ့တိုင်ပတ်နေတာ ကိုယ်က မသိဘူး။
သူ့ကို စ,ချင်တာနဲ့.....
"ဟာ ဆတော် မကြီးမငယ်နဲ့ အတော် လှချင်နေသပေါ့ "
"အေးကွာ..မင်းလာတာနဲ့အတော်ပဲ ဒါ..ဘာလုပ်တဲ့ ဗူးတုန်း ဟ "
"အမ်...ကိုယ့်ဟာကို ဝယ်ပြီး မသုံးတတ်ဘူးလား "
"ငါဝယ်တာ ဟုတ်ဘူးကွ ဆွမ်းခံအိမ်က လှူလိုက်တာ "
သူက ဆက်ပြောတယ်။
"မုန့်နဲ့ တို့စားရတဲ့ ဟာလားလို့ စားကြည့်တော့လည်း သနပ်ခါးစော်နံတယ်ကွ"😯
"ကော်နေမှာပဲ ဆိုပြီး ကပ်ကြည့်တော့လည်း သိပ်မကပ်ပြန်ဘူး "😯
"အဲဒါနဲ့ ဟိုတလောက ဆွမ်းခံအိမ်ကို ပြန်မေးကြည့်တော့ လှူ တဲ့ဒကာမက ရေချိုးနေရင်းဆိုတော့ သေချာမပြောလိုက်ဘူး မျက်နှာသုံးတဲ့ ဟာလို့ ပြောလိုက်တာ... "🙂
"အာ့ ဦးဇင်းက အခု ဘယ်လိုတွေ သုံးနေတာလဲ "😊
" ငါတော့ ရေချိုး မျက်နှာသစ်ပြီးရင် မျက်နှာကို လိမ်းလိုက်တာပဲ မျက်နှာကြီး စပ်ပြီး အရေတွေကွာလာတယ် မင်းလိုချင် အဲဗူးယူသွား... "😁
"အဲဒါ မျက်နှာလိမ်းတဲ့ဗူး မဟုတ်ဘူး ဦးဇင်းရ မျက်နှာသစ်တဲ့ ဟာ ၊မျက်နှာသစ်ရင် ဆပ်ပြာမတိုက်ပဲ အဲဗူးထဲက ဟာတွေညှစ်ပြီး တိုက်ရတာ..ဦးဇင်းနဲ့တော့ ခက်နေပါပြီ.. "😒
"အေးကွာ ဟုတ်လောက်တယ် အာ့ကြောင့် ငါလိမ်းလိုက်ရင် အမြှုပ်တွေထွက်ထွက်နေပါတယ်ဆို..... "
"ငင့် "
ဦးဦးတေ( မုံရွာ )
Crd.
Comments
Post a Comment