တန်ဖိုး
============
မြေးအဖိုးနှစ်ယောက်အတူနေကြတယ်၊မြေးက အဖိုးကိုမေးတယ်~~~
"လူတွေပြောပြောနေတဲ့" တန်ဖိုး" ဆိုတာဘယ်ကရလာတာလဲအဖိုး"
"အဖိုးလည်းမသိပါဘူးကွယ် ငါ့မြေးသိချင်ရင် အိုးဖုတ်တဲ့ဆရာကြီးထံသွားမေးကြတာပေါ့ "ဆိုပြီးခေါ်သွားတယ်။
အိုးဖုတ်တဲ့ဆရာကြီးထံရောက်တဲ့အခါ...
အဖိုးဖြစ်သူဟာ အိုးဖုတ်တဲ့ဆရားကြီးနဲ့ တိုးတိုး
တိတ်တိတ်တိုင်ပင်ဆွေးနွေးပြီးမြေးဖြစ်သူကိုထား
ခဲ့တယ်။
မြေးဖြစ်သူ အိုးလုပ်ငန်းကျွမ်းကျင်တတ်မြောက်ချိန်
ရောက်မှပြန်လာခေါ်တယ်။
အပြန်လမ်းမှာတော့...
မြေးဖြစ်သူကဘယ်ကျေနပ်မှာလည်း၊ "တန်ဘိုး"ဘယ်ကရလာသလဲဆိုတဲ့အဖြေကို အိုးလုပ်ဆရာကြီးက...မဖြေလိုက်ဘဲ ပန်းပုဆရာကြီးတယောက်ထံလွှတ်လိုက်တာကိုး...
ဒီလိုနဲ့ ပန်းပုဆရာကြီးထံရောက်သွားခဲ့ကြတယ်၊
အဘိုးဖြစ်သူလည်း မြေးလေးကိုထားခဲ့ပြီး တစ်ယောက်ထည်းပြန်သွားတာပေါ့။
မြေးဖြစ်သူ ပန်းပုပညာကျွမ်းကျင်တတ်မြောက်ချိန်
ရောက်မှပြန်လာခေါ်တယ်။
ပန်းပုဆရာကြီးကလည်း "တန်ဖိုး ဘယ်ကရလာသလဲ"ဆိုတဲ့အမေးကိုမဖြေလိုက်ပါဘူး၊ကျောက်သွေးသမားတစ်ယောက်ထံလွှတ်လိုက်ပြန်
ပါတယ်။
ကျောက်သွေးသမားကလည်း ပညာသင်ပေးပြီး
ပရိဘောဂလုပ်ငန်းဆိုင်ကိုလွတ်လိုက်ပြန်တယ်။
ဒီလိုနဲ့.. မြေးအဖိုးနှစ်ယောက်အိမ်ပြန်ရောက်လာခဲ့
ကြတယ်၊မြေးဖြစ်သူကလဲ သူသိချင်တဲ့ "တန်ဖိုး ဘယ်ကရလာသလဲ "ဆိုတဲ့အဖြေကိုဘယ်သူမှ
အဖြေမပေးလိုက်တဲ့အတွက် ကျေနပ်မှု့မရှိဘူး။
တနေ့မှာတော့ အဖိုးက မြေးလေးကိုမြို့ပေါ်ခေါ်သွား
ပြီးလိုက်ပြတယ်။
ပထမဆုံးအိုးရောင်းတဲ့ဆိုင်ကိုပြတယ်၊အိုးတွေကတခမ်းတနား အစီအရီ၊ အိုးတလုံးကိုဘယ်လောက်ဆိုတဲ့ဆိုင်းဘုတ်လည်းရေးထားတယ်။
နောက်...ပန်းပုဆိုင်ကိုပြတယ်၊ ရုပ်ထုတခုရဲ့ ဈေးက
လက်ရာမြောက်ရင် မြောက်သလောက်ဈေးကြီးတာ
ကိုတွေ့ခဲ့ရတယ်။
ကျောက်မျက်ရတနာအရောင်းဆိုင်ကိုလည်းပြတယ်၊ကျောက်ရိုင်းဘဝကနေ အယဥ်ဖြစ်နေတဲ့ကျောက်မျက်ရတနာတွေကို လူတွေအမြတ်တနိုး ဝယ်နေတာကိုလည်းတွေ့ခဲ့ရတယ်။
ပရိဘောဂဆိုင်မှာတော့ ဗီရိုတွေ ကြောင်အိမ်တွေ
မှန်တင်ခုံတွေနဲ့ပြည့်နက်နေပြီး လူတွေ
လည်းအရမ်းစည်ကားနေတာတွေ့ခဲ့ရတယ်။
မြို့ပေါ်ကအပြန်လမ်းမှာ အဖိုးကပြောတယ်
" တန်ဖိုးဘယ်ကရလာသလဲ ဆိုတာမင်းသိပြီမဟုတ်လား "
အရာဝတ္ထုတိုင်းရဲ့တန်ဖိုးဟာ အခြေခံကုန်ကြမ်းက
စခဲ့ရတာ...ငါ့မြေးရဲ့
အိုးကောင်းတလုံးဖြစ်ဖို့မြေကိုနူးနပ်နေအောင်ကြိမ်ဖန်များစွာနယ်ရတယ်၊
အိုးလုပ်တဲ့အခါမှာလည်း လက်နဲ့ အထပ်ထပ်အခါခါရိုက်ရတယ်၊
ဖုတ်တဲ့အခါမှာလည်း အကျက်ညီအောင် မီးနားမှာ
ကပ်ပြီး ဂရုတစိုက်အပူခံပြီး ဖုတ်ပေးရတယ်၊
အဲ..အိုးဖုတ်နေချိန်မှာ..အချိန်တွေအများကြီးရင်းခဲ့ရသေးတယ်...။
ဒီလိုဘဲ တန်ဖိုးကြီးတဲ့ပန်းပုရုပ်တခုရဖို့ မာကြောပါ
တယ်ဆိုတဲ့သစ်သားတုံးတခုကို သူ့ထက်မာတဲ့ဆောက်ကိုကိုင်ပြီး ထွင်းထုရတယ်၊
ဆောက်ထိုးမိတဲ့....သစ်တိုသစ်စထိုးမိတဲ့ဒဏ်ရာဒဏ်ချက်တွေတော့ရှိမှာပေါ့ကွာ။
ဒါပေမယ် ရွံ့ကိုရွံ့အတိုင်းထားရင်...ဘာတန်ဖိုးမှရှိလာမှာမဟုတ်သလို ၊ သစ်သားတုံးကို လက်အနာမခံဘဲနဲ့တော့ ပန်းပုရုပ်ဖြစ်မလာဘူး...
တန်ဖိုးဆိုတာ အလုပ်လုပ်တဲ့နေရာက~~ရလာတာငါမြေး....
လူဆိုတာလည်း အလုပ်လုပ်နေမှ တန်ဖိုးရှိတာ၊ အလုပ်လုပ်နေရင်းနေရင်းနဲ့ဘဲ တန်ဖိုးရှိလာတာ၊
တန်ဖိုးရှိတဲ့ဘဝဆိုတာ...ပကတိနေမြဲတိုင်းမှ ရုံး
ထွက်တတ်သူကိုပြောတာ...။
အလုပ်မလုပ်တဲ့သူဟာ ရွှံံညွန်လိုဘဲ ရေနဲ့တွေ့ရင်
အရည်ပျော်သွားတတ်တယ်၊
သစ်သားတုံးလိုဘဲ ဆွေးမြေ့ပျက်စီးတတ်တယ်။
"ခက်ခက်ခဲခဲ သေချာထုဆစ်ခဲ့ရတဲ့ ပန်းပုရုပ်ဟာ
ပိုပြီးတန်ပိုးရှိသလို ဘဝကိုအခက်အခဲတွေနဲ့ရင်ဆိုင်
ပြီးအောင်မြင်လာတဲ့လူတစ်ယောက်ဟာ ပိုပြီးတန်ဖိုးရှိတယ် ငါ့မြေး"
တန်ဖိုးဆိုတာ ကိုယ်ကလုပ်တာ ၊
ကိုယ်လုပ်တာကိုယ့်တန်ဖိုးဘဲ၊
ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်း... လုပ်ရပ်တိုင်းဟာ....
ကိုယ့်တန်ဖိုးကိုဖော်ပြတယ်ဆိုတာ
မြဲမြဲမှတ်ထားငါ့မြေး......။
ဦးရွှေညာ (ရွာတန်းရှည်)
Crd
~~~~~~~~~~~~~~~~~~~
Comments
Post a Comment