ဒီမနက်
မနက်စာအဖြစ် လက်ဖက်ရည်ဆိုင်မှာ
မုန့်ဟင်းခါးသွားစား မယ်ပေါ့...။
ဆိုင်ထဲ ဝင်ဝင်ချင်း..
"အန်တီ မုန့်ဟင်းခါး တစ်ပွဲဗျာ "
မှာပြီး မကြာဘူး...
ယောက်ဖဆီက ဖုန်းဝင်လာတယ်။
"ဟလို"
"ဘယ်မှာလဲ..?
"လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါး စားမလို့"
"အေး..ငါနဲ့ မင်းအစ်မအတွက်ပါ မှာထား...
အခုလာခဲ့မယ်"
"ဟုတ်ကဲ့"
ဖုန်းချပြီး..
"အန်တီရေ...မုန့်ဟင်းခါး သုံးပွဲဖြစ်သွားပြီနော်"
ဆိုင်က လူများတော့ ဆိုင်ရှင် ကြားပုံမရဘူး။
ဒါနဲ့ ငစစ်လည်း မတ်တပ်ထရပ်ပြီး...
"အန် တီ သုံး ပွဲ "
လက်သုံးချောင်း ထောင်ပြလိုက်တာ...
"!!!!!!အရေးတော်ပုံ!!
!!!အောင်ရမည်!!!"
ဟိုက်စကိုက်!
ဘာလားဟ
ဆိုင်ထဲက လူတွေလဲ မတ်တပ် ထပြီး
လက်၃ချောင်း ကိုယ်စီလိုက်ထောင်ပြီး
အကုန်လုံး ထအော်တာတော့တာပဲ...
မကြာပါဘူး...
စစ်ကား ရဲကားတွေ လာလို့
အကုန်ပြေးရတော့တာပဲ။
ပေနိုးမ ဒလန် 🙄
ငါ မုန့်ဟင်းခါးတောင် မစားလိုက်ရဘူး။
Credit....
mt 🙃
😝😝😝.
ReplyDelete😁
ReplyDelete🤣🤣🤣
ReplyDelete😂😂😂😂
ReplyDelete🏃🏃🏃
ReplyDeleteအညာသားတွေလို့ ပုဆိုးစလွယ်သိုင်း ဖိနပ်ခါးထိုးပြီး ဖနောင့်နဲ့ တင်ပါး ကပ်လျက်သာ ပြေးပေတော့ မအလ ခွေးက သတ်နေတာ
ReplyDelete