ပင် ပန်း မှာ စိုး လို့
ဗိုလ်မှုးကြီးတစ်ယောက်က နယ်စပ်မှာတာဝန်ကျနေတုန်း စည်းရုံးရေးအတွက် တိုင်းရင်းသားရွာတွေ ကို ကွင်းဆင်းပြီး စည်းရုံးရေးတရားဟောဘို့ လုပ်ပါတယ်။ ဗိုလ်မှုးကြီးက တိုင်းရင်းသားဘာသာ တတ်ကျွမ်းတဲ့ သူ့တပည့်ကျော်ကို ဘာသာပြန်ခိုင်းတယ်။
ပထမရွာကိုဝင်တယ် -- လူစုတယ် -- ဗိုလ်မှုးကြီးကမိန့်ခွန်းပြောတယ်
-- သူ့တပည့်ကျော်က ဘာသာပြန်တယ်-- ရွာသူရွာသားတွေက သဘောကျလို့သြဘာပေးကြတယ် ။
ဟုတ်နေတာဘဲ -- ဗိုလ်မှုးကြီးကပြောလိုက် --တပည့်ကျော်ကဘာသာပြန်လိုက် -- ရွာသားတွေကသဘောကျပြီးသြဘာပေးလိုက်နဲ့ပေါ့။
ဒီလိုနဲ့ နောက်တစ်နေ့ ဒုတိယရွာ ---အိုကေ ၊ နောက်တစ်နေ့ တတ်ိယရွာ --အောရွိုက် --ဘာပြသ၁နာမှမရှိဘူး ---ပြသ၁နာကစတုတ္ထ ရွာမှာဖြစ်တာ--
စတုတ္ထရွာ ရောက်တော့ ဗိုလ်မှုးကြီးက ထုံးစံအတိုင်း ပဏာမနှုတ်ခွန်းဆက်လိုက်တယ် ---
သူ့တပည့်ကျော်က ဘာသာပြန်တယ် --ဒါပေမယ့်ဘာသာပြန်တဲ့သူက မရပ်တော့ဘူး -- ဟော -လက်သီးလက်မောင်းတွေတန်းပြီးပြောနေဘီ၊ ပရိသ၁တ်ကလည်းလက်ခုပ် သြဘာတွေပေးလို့ -- ဗိုလ်မှုးကြီးက သူပြောရမယ့်အချိန်ကိုမြတ်ချေမပြတ် ကြည့်နေရတယ်။ အလှည့်ကလည်းရောက်မလာ။ ပဏာမနှုတ်ခွန်းဆက်တာကို ဘာသာပြန်တာ ဒီလောက်တောင်ကြာရလားပေါ့ ။ ပရိသ၁တ်တွေကရော ဘာလို့ဒီလောက်တောင်လက်ခုပ်သြဘာတွေပေးနေရတာလဲ။ ဟုတ်တော့ဟုတ်နေပါပြီ။
ထင်တဲ့အတိုင်းပါဘဲ ၊ပရိသ၁တ်သာ ပြန်သွားတယ် ဗိုလ်မှုးကြီးဘာမှမပြောလိုက်ရဘူး။ ဒါနဲ့ တပည့်ကျော်ကိုခေါ်ပြီး--
``ဟကောင် - မင်းဘယ်လိုလုပ်လိုက်တာလဲ``
``ဗိုလ်ကြီးက အရင်သုံးရွာ လုံး ဒီမိန့်ခွန်းဘဲပြောတော့ ကျွန်တော်ကအလွတ်ရနေပြီ``
``ဟေ -- အဲဒါနဲ့ ငါပြောမယ့်စကားတွေ မင်းအကုန်တစ်ခါတည်း ဘာသာပြန်လိုက်တယ်ပေါ့``
`` ဟုတ် -- ဟုတ်တယ်ဆရာ-- ဆရာပင်ပန်းမှာစိုးလို့``
``ဟိုက် -- ငါ့လခွေး --သေလိုက်ပါတော့ --နောက်ရွာတွေကြရင် ဒီလိုမလုပ်နဲ့ ဟုတ်ပလား``
ဒီအထိ ပြသ၁နာမဟုတ်သေးပါဘူး။ လျှာအလွန်ရှည်တဲ့ မိကျောင်းသားတပည့်ကျော်က မြန်မာစကားပုံတွေသုံးပီးတောင်းပန်မှ ပိုဆိုးသွားတယ်။ သူတောင်းပန်တာက
```ဟုတ်ကဲ့ပါဆရာ--ကျွန်တော် နွားရှေ့ ထွန်ကျူးသလို ဖြစ်သွားပါတယ် တဲံ့။
ဗိုလ်မှုးကြီးလည်း တပည့်ကျော်လက်ချက်နဲ့ လူမသိသူမသိ နွားဖြစ်သွားရရှာတာပေါ့😁
Crd.
ဟား ဟား
ReplyDeleteဟဲဟဲ🤗🤗🤗
ReplyDelete🤣မှတ်ကရော
ReplyDelete😂😁😁
ReplyDelete