တနေ့သောအခါ ယောကျ်ားဖြစ်သူ ကိုတင်မောင်က
ရွှေဂျူးနားသို့ ရောက်လာပြီး....
"မိန်းမ...မင်းခုတလော ငါ့ကိုဟင်းကောင်းချက်မကျွေးတော့ဘူးနော်..ငါ့ကိုမချစ်တော့တာလား"
"အို...မဟုတ်တာရှင်"
"ဘာလို့မဟုတ်ရမလဲ.. ငပိရည်နဲ့ စားရတာကို
ကြာလှပြီ"
"အင်းပါ...ကျွန်မ နောက်နေ့ကစပြီး ချက်ကျွေးပါ့မယ်"
နောက်တရက်ရောက်သော် ဟင်းပွဲအစုံအလင်ချထားသော စားပွဲဘေးတွင်ထိုင်ကာ...
"ဘုရား...ဘုရား၊ အနိစ်စ၊ ဒုက်ခ၊ အနတ်တ"
"ဘာတွေ ရွတ်နေတာလဲ မိန်းမရ"
"တရားသဘော ရှူမှတ်နေတာပါရှင်"
ထမင်းစားသောက်ပြီး ရေနွေးကြမ်းနှင့် လက်ဖက်သုတ် အချိုတည်းနေခိုက်တွင်လည်း...
"အင်း...အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါတကား"
"ဟော...ငါ့မိန်းမ တရားပေါက်သွားပြီလားကွ"
"ဒီလိုပါပဲရှင်...ဖြစ်၊ပျက်၊သဘောတရားတွေပါ"
ကြာတော့ ကိုတင်မောင် အသဲပေါက်လာတယ်။
စျေးကပြန်လည်း ဘုရားတ၊ ထမင်းစားလည်း ဘုရားတ...ယုတ်စွအဆုံး အိပ်ခါနီးတောင် ဘုရားတနေတဲ့ ရွှေဂျူးအပေါ် စိတ်ကွက်လာတယ်။
တရက်ကျတော့ မိန်းမလုပ်သူကိုမေးတယ်။
"မိန်းမ...လောကမှာအရေးကြီးဆုံးက ဘာလဲ"
"ငွေပေါ့ရှင့်"
"သြော်...အပေါများဆုံးကဘာလဲ"
ရွှေဂျုးက နှုတ်နဲ့မဖြေပဲ လိမ်ဆွဲလိုက်တယ်။ ဒီတော့ ကိုတင်မောင်က စိတ်ဆိုးပြီး....
"ဟ...ဒါလေးမေးတာ လိမ်ဆွဲရလားကွ၊ ဒါဆို အ ကွိီးမားဆုံးအရာက ဘာလဲ"
ရွှေဂျူးက မီးဖိုချောင်ဘက် လက်ညွှန်ပြလိုက်တယ်။
ကိုတင်မောင့်စိတ်ထဲကတော့ တွေးတာပေါ့။ ဒီမိန်းမဘဝမှာ
ထမင်းစားရဖို့ထက်အရေးမကြီးဘူးဆိုတဲ့သဘောလို့။
"ဟုတ်ပါပြီ..ဒါဆို စျေးအပေါဆုံးကရောကွာ"
"ဒါ"
ပြောပြောဆိုဆို ရွှေဂျူး က အင်္ကျီကြယ်သီးဖြုတ်ပြလိုက်တော့ ကိုတင်မောင် ဒေါသထွက်သွားလေ၏။
ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ယောက္ခမအိမ်ဘက်သို့သွားရန် ပြောရတော့သည်။
"မိိန်းမရေ...ငါတို့တွေ အမေ့အိမ်လည်းမရောက်တာကြာပြီ၊
ငွေလေးဘာလေး ကန်တော့ရင်း သွားရအောင်ကွာ"
"အင်းပါယောကျ်ား...ရှင့်သဘောလေ"
ယောက္ခမအိမ်ရောက်တော့ အလာဘသလာဘ ပြောရင်း ကိုတင်မောင်က စကားစတယ်။
"အမေ...အမေ့သမီးက အရင်လိုမဟုတ်ဘူး၊
တခုခုဆို ဘုရားပဲ တနေတယ်၊
တရားပဲ ပေါက်သွားတာလားမသိဘူး..ဒါကြောင့်ကျွန်တော်က စိတ်စမ်းတဲ့အနေနဲ့ မေးတာကို တခုမှအမြီးအမောက်မတည့်ပဲ ဖြေ တယ်အမေ...
နောက်ဆုံးတော့ ကျွန်တော်ကပဲ စိတ်လျှော့ပြီး စျေးအပေါဆုံးက ဘာလဲမေးမိတာကို ရင်ဘတ်လှန်ပြတဲ့အကြောင်း "
တခမ်းတနား တိုင်ပါတော့တယ်။ ဒါနဲ့ မိခင်ဖြစ်သူက
"ဟုတ်လားရွှေဂျူး...ဘာကြောင့် အမြဲဘုရားတနေရတာလဲ"
"သြော်.အမေရယ်...မနက်စျေးသွားထဲက ကုန်စျေးနှုန်းကိုကြားရပြီး အရင်ဘုရားတရတယ်၊
ထမင်းစားချိန်ကျတော့လည်း ဒါဘယ်လောက်ဖိုးချက်ရတာပါ့လားဆိုပြီးတခါ ဘုရားတရတယ်၊
နောက်ဆုံး အိပ်ရာဝင်ရင်တောင် အဲကွန်းဖွင့်လို့ ကုနျမယျ့မိီတာခကို တွေးပြီး ဘုရားတရတယ်လေအမေရယ်"
"အင်း...ဒါလဲဟုတ်တာပဲကွယ့်၊ဒါဖြင့် အရေးကြီးဆုံးအရာက ဘာလဲလို့မေးတာကို ငွေလို့ဖြေတယ်ဆို"
"ဟုတ်တယ်လေအမေ...ငွေမရှိရင် မနက်စာတောင်ဘယ်လိုစားမလဲ...နောက်တခုက ရန်ကုန်လိုနေရာမျိုးမှာ
ရေတောင်သောက်လို့မရဘူးလေ"
"အိမ်းးးးးးဒါလဲမှန်ပြန်ရော...ဒါဖြင့် အပေါများဆုံးက ဘာလဲလို့မေးတာကို ဘာလို့ယောကျ်ားကိုလိမ်ဆွဲရတာတုန်း"
"လောကမှာ အပေါများဆုံးက လိမ်လည်မှုပါအမေ၊
လူလိမ်လူကောက်တွေပေါများလာတယ်ဆိုတာကို ပြောချင်တဲ့သဘောပါ"
"ဒါဖြင့်အကြီးမားဆုံးကဘာလဲဆိုတာ မီးဖိုကိုညွှန်ပြတာကရော"
"ကုန်စျေးနှုန်းက ကြီးတော့ မီးဖိုထဲဆန်ဆီရှိဖို့ အကြီးမားဆုံးပြသနာလို့ပြောချင်တာပါအမေ"
"အေး...ညီးအဖြေနဲ့ညီးတော့ ဟုတ်နေတာပဲ၊
ဒါဖြင့် စျေးအပေါဆုံးက ဘာလဲလို့မေးတာကို ညီးက ရင်ဘတ်လှန်ပြတယ်ဆို"
ဒီတခါမှာတော့ ဒေါသတကြီး မတ်တပ်ထရပ်လိုက်သူက ရွှေဂျူး။
"ဒီမယ် ကိုတင်မောင်"
"ဘာတုန်း"
"ရှင်က ကျုပ်အမေကို ကန်တော့ချင်တာကနည်းနည်း၊
ကျုပ်မကောင်းကြောင်းတွေ တိုင်ချင်တာက များများနဲ့ လာခဲ့တာပေါ့လေ"
"ဟုတ်တယ်လေ..ငါက ဒါလေးမေးတာကို
ဘာလို့လှန်ပြလဲ..."
"ရှင်ပဲ စျေးအပေါဆုံးကို ပြပါဆိုလို့ ပြတာလေ"
"ဘာကွ...ဒါ ငါ့ကိုသပ်သပ်စော်ကားတာပဲ"
"ရှင်က စျေးအပေါဆုံးက ဘာလဲလို့မေးလို့
ကျုပ်ရင်ဘတ်ထဲက အချစ်တွေကိုပြတာရှင့်
ရှင့်အပေါ်ထားတဲ့ အချစ်တွေကသာ စျေးအပေါဆုံးလို့ ပြောချင်တာ..ဒါကိုရှင်က ဘာမြင်လို့လဲ"
"ဟင်..ဟုတ်လား...သိဘူးလေ၊
ငါက ဘရာစီယာပဲ မြင်တာ"
"Cင့်...မတာကြီး"
😁😁😁😁😁
#ယောကျ်ားဆိုတာအဲ့လိုပဲ၊ချစ်လွန်းလို့ရင်ဘတ်တခုလုံးဖွင့်ပြတာတောင် ဘရာစီယာပဲ မြင်တတ်တဲ့အမျိုး။
#Shwejue
Comments
Post a Comment