လားရှိုး အလွမ်းပြေ



ငယ်သူငယ်ချင်းတစ်ယောက်

ရှိတယ်..


တစ်ညသား ကျနော်တို့အရက်

သောက်ကြတော့အတော့်ကိုမူးသွား

ကြရောပေါ့လေ..


အဲ့မှာကိုယ့်စက်ဘီးလေး 

ကိုယ်ဆွဲပြီးပြန်ကြမယ်ဆိုတော့ 

ကိုယ့်ကောင်ကအတော်ကို စောင်း

ငမ်းထွက်အောင် မူးနေပြီ..


ယိုင်တိယိုင်ထိုးနဲ့ သွားနေတော့

ကိုယ်တွေက 'ရရဲ့လားဟေ့ကောင်'

လို့မေးတာ(ဒင်းက)ဘယ်ဘက်ပစ်လဲ

လိုက် ညာဘက်ပစ်လဲလိုက်သာဖြစ်

နေပေမယ့်ပါးစပ်ကတော့ 'ရတယ်'

ဖြေနေတုန်းရယ်..


နောက်တော့ 'စက်ဘီးလည်း

မစီးနိုင်တော့ဘူးကွာ..စက်ဘီးထား

ခဲ့ပြီး လမ်းလျှောက် ပြန်တော့မယ်

တဲ့..'ပြောလာတယ်..


'မင်းစက်ဘီးက ဘယ်မှာထားခဲ့မှာ

လဲ'ဆိုတော့'ဒီလမ်းဘေးပဲထားခဲ့

မယ်..ငါတို့လားရှိုးသားတွေကို 

ငါယုံတယ်ကွ 'တဲ့..


ကိုယ်ဒေလဲမူးနေတော့ 'ပြီးတာပဲ'

ဆိုပြီးအိမ်ပြန်သွားလိုက်တာ..


နောက်ရက်ဒီကောင့်အိမ်ရောက်တော့..


'မင်းစက်ဘီးပြန်သွားယူပြီးပြီလား'

လို့မေး‌ဖြစ်တာ..


'ငါချီး မတွေ့တော့ဘူးကွာ' တဲ့


ဒါကိုပဲ လေကမလျှော့သေးဘူး..


ယူသွားတဲ့ကောင် လားရှိုးသား

မဖြစ်နိုင်ဘူး ဆိုပဲ..


အင်း..

လားရှိုးသားတွေအစွဲကြီးလိုက်

ပုံများ..😜😜😜


***(Cred..Aung Bawga)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့