မ မေ့နိုင်သောသူ
မေရီ နဲ့ ဒေစီ အိမ်နီးချင်း ၂ ယောက်ဟာ အင်မတန် အပျော်ကြိုက်ကြသတဲ့ ။
သူတို့ ယောကျ်ားတွေကလဲ အင်မတန်အလုပ်များသူတွေ ဖြစ်ပြီး ညနက်မှ အိမ်ပြန်ရောက်ကြတာ...
တခါတလေ ညအိပ်တောင် မပြန်နိုင်ကြဘူးတဲ့ ၊ ကောင်မ ၂ ယောက်က ကဲလို့ကောင်း ပျော်လို့ကောင်း ပေါ့လေ ။
တစ်ညနေကျ ထုံးစံအတိုင်း ယောကျ်ားတွေ အိမ်ပြန် ညနက် တဲ့ တစ်ရက် ၊ သူတို့ သူငယ်ချင်းမ ၂ယောက် အိမ်ကနေ အတော်ဝေးတဲ့ ပါတီပွဲ တစ်ခုကို သွားကြသတဲ့ ။ ပါတီမှာ ပျော်ပါး စားသောက် ကခုန်ပြီး အတော်ညနက်မှ မူးမူးနဲ့ ပြန်လာကြသတဲ့ ။
တစ်ညနေလုံး ပင်လယ်စာတွေရော အစားစုံ အသောက်စုံခဲ့တော့ လမ်းမှာ ဗိုက်တွေနာလာကြပြီ ၊ အိမ်က ဝေးသေးတယ် ၊ အဲ့တာနဲ့ လူရှင်းတဲ့နား ကားရပ်ပြီး အောက်ဆင်း ၊ လမ်းဘေး ခြုံတိုးကြသတဲ့ ။
ဖြစ်ချင်တော့ အဲ့ဒီ သူတို့ အောက်ဆင်းလိုက်တာ သင်္ချိုင်းမြေ ၊
နေ့လည်ကမှ လောလောလတ်လတ် မီးသတ်ရဲဘော်တစ်ယောက် အသုဘ အခန်းအနား လုပ်သွားတဲ့နေရာ ။
သူတို့ ၂ ယောက်လဲ စည်းကမ်းမရှိတဲ့ ဟာမတွေပီပီ ဗိုက်ထဲကဟာတွေ ရှင်းထုတ်ပြီး အနားတွေ့တဲ့ ပန်းခွေဟောင်းတွေက ပန်းစည်းတွေ ၊ စက္ကူတွေနဲ့ သုတ်ကြ သတဲ့ ။
ဒါနဲ့ အိမ်ပြန်ရောက် လင်တော်မောင်တွေက တံခါးပြန်ဖွင့်ပေးရတော့တာပေါ့ ။
ခဏနေတော့ မေရီ့ယောကျ်ား က ဒေစီ့ယောကျ်ားဆီ ဖုန်းဆက်သတဲ့ ။
hello☎
" သူငယ်ချင်းရာ ၊
ငါတော့ မေရီ့ကို အရမ်းကို စိတ်ပျက်သွားပြီ ၊
ဒီမှာကွာ ၊ သူ့အကောင်က ဘောင်းဘီထဲ ပန်း ထည့်ပေးလိုက်တယ် " 🙄🙄
ဟေ...အေး..
"" မင်းမိန်းမ မေရီက တော်သေးတာပေါ့ ၊
ငါ့မိန်းမ ဒေစီကတော့ ပစ်ရပါပြီကွာ "" 😪
" ဟေ ၊ ဘာဖြစ်ခဲ့လို့တုန်း "
"" မီးသတ် တစ်ဖွဲ့လုံး နဲ့ကို ဖြစ်တာဟ ""
" ဟာ ၊
မင်းက ဘယ်လို သိသလဲ? ၊ သူက ဝန်ခံတာလား ?"
"" အော် ၊ ဒီမှာလေ ၊ ဘောင်းဘီထဲတောင် စာကပ်ပေးလိုက်သေးတယ် ၊
ဘာတဲ့လဲ,?
"သင့်အား ကျွနုပ်တို့ မီးသတ်တစ်ဖွဲ့လုံးက မမေ့နိုင်တော့ပါ တဲ့ကွ ""
ဟိုက်❗
😅😄😄😄😄😄
Crd#
#တာဇဲ
😁😁
(အော် အာ့လို့လားးးးးး😁😁)
Comments
Post a Comment