"မိန်းမ...ငါ့ပိုက်ဆံတွေ မင်းယူသေးလား"


"အိုတော်.. ကြံကြံဖန်ဖန်

ရှင့်ကိုမပြောပဲ ဘယ်တုန်းက ယူသုံးဖူးလို့လဲ"


"မသိဘူးလေ

မင်းက ငါပေးတဲ့ စျေးဖိုးနဲ့

တခါမှ လောက်ငှ တယ် မရှိတော့ "


"အို...ဒါကတော့ ကုန်စျေးနှုန်းက

တက်တာကိုးရှင့်

နေစမ်းပါအုံး... ရှင့်ပိုက်ဆံက ဘယ်လောက်ပျောက်တာလဲ"


"စုစုပေါင်း ငါသိမ်းထားတာက တစ်သိန်း

ခု ရှစ်သောင်းပဲရှိတော့တယ်၊ နှစ်သောင်းတိတိ လျော့နေတာ"


"အထားမှားလို့များလားတော်

ကျုပ်တော့ တကယ်မယူဘူးနော်"


ယောကျ်ားဖြစ်သူက သက်ပြင်းချရင်း....


"ဟူးးးးးထားပါတော့ကွာ

ခုရော လကုန်ထိ သုံးဖို့ရှိသေးရဲ့လား

မရှိရင်... ရော့.....

ငါးသောင်းယူထားလိုက်

ကလေးနှစ်ယောက်နဲ့ လောက်အောင်တော့သုံးကွာ

ဝင်ငွေတွေက မကောင်းဘူးကွ "


ရွှေဂျူးက ကမ်းပေးလာတဲ့ ပိုက်ဆံကိုလှမ်းယူလိုက်ရင်း....


"ရှင်နော်...ဟိုတခါကလို လက်မလောက် ပြဲနေတဲ့ငွေတော့မပေးနဲ့

စျေးဆိုင်တွေက ငွေစက္ကူအစုတ်ဆို မယူကြဘူးရှင့်"


"ဟာ...ဒါဆို"


"အဲတော်....ပေါ်ကုန်ပြီ

အဟီး...ရှင်ပျောက်သွားတဲ့ 

ငွေနှစ်သောင်းလဲ ကျုပ်ယူတာ

စိတ်ဆိုးရဘူးနော်"


"တောက်....မင်းကွာ

ငါ့မှာတော့ရှာလိုက်ရတာ

မင်းကတော့...အိမ်စရိတ်အကြောင်းပြပြီး

မိတ်ကပ်ဗူးတွေ ဝယ်လိုက်၊

နှုတ်ခမ်းနီတွေ ဆိုးလိုက်၊

ကိုယ့်ကိုယ့်ကို အိမ်ထောင်သည်ဆိုတာလဲ

သတိရအုံးကွ"


"အဟင့်ဟင့်.... အမေရေ လာကြည့်ပါအုံး

အမေ့သမီး အပြောခံနေရပြီ....အီးဟီးဟီး


ဒီမှာယောကျ်ား...ကျုပ်အလှပြင်နေတယ်ဆိုတာ

ကျုပ်အတွက် မဟုတ်ဘူးရှင့်"


"ဟမ်...ဒါဆိုဘယ်သူ့အတွက်လဲ"


"ရှင့်အတွက်...ရှင့်အတွက်

ကျုပ်မှာလေ...ရှင့်ကို ချစ်လွန်းလို့

အိမ်မက်ထဲမှာ ထိုင်းမင်းသားလေးက

ချစ်ရေးဆိုတာတောင် လှည့်မကြည့်ခဲ့ဘူး၊

အပြင်မှာ ကောင်ချောချောလေးတွေမြင်တာတောင်

မျက်နှာလွှဲခဲ့တာရှင့်"


"အယ်...ဘာဆိုင်လို့လဲ

နားကိုမလည်ဘူး"


"ကျုပ်မျက်နှာကို လှလှပပလေး ပြင်ထားတော့

ရှင်အပြင်က ပြန်လာရင် အမောမပြေဘူးလား...ကဲ"


"အင်း...ပြေသလိုလိုတော့ရှိသား😁"


"ကျုပ်ဆိုးထားတဲ့ နှုတ်ခမ်းနီတွေ၊ပါးနီတွေကအစ

ခုချိန်ထိ ရှင့်ကို ဆွဲဆောင်နေတုန်းပါ၊

ကာလာစုံ မျက်နှာကြီး အမြဲ မြင်နေရရင် စိတ်ကုန်မှာစိုးလို့

ရှင်မတောင်သနပ်ခါးစစ်စစ်ကို

စျေးကြီးပေးပြီး ဝယ်လိမ်းရတာလည်း ကျုပ်ပဲ


တကယ်တော့လေ...ဒါတွေအားလုံးရှင့်ကို ချစ်လွန်းလို့ပါ၊

ရှင်ပစ်သွားမှာစိုးလို့ပါယောကျ်ားရယ်...နော်...နော်"


ရွှေဂျူးက ခုလိုရှည်လျားစွာရှင်းပြလာတော့

ယောကျ်ားဖြစ်သူက ပခုံးနှစ်ဖက်ကို တင်းကျပ်စွာ ပွေ့ဖက်လာရင်းးး....


"သြော်....ချစ်တတ်လိုက်တာ မိန်းမရယ်

ကိုယ်ကလည်း မင်းကိုအရမ်းကိုချစ်တာပါကွာ"


ဆိုပြီး သူ့လက်ထဲက လက်ကျန်သုံးသောင်းကိုပါ

လက်ထဲကို ထိုးပေးရင်း....


"မင်းပဲ လောက်ငှအောင် သုံးတော့နော်

ကိုယ်က ယောကျ်ားလေးဆိုတော့ ဖြစ်သလိုနေတတ်ပါတယ်"


တဲ့။


အဟီးးးးဘဲကြီးတော့ ချုပ်ဆေးမိပြီ😁😁😁။


(ရယ်မောခြင်းဖြင့် ဘဝအမောတွေခဏတာ ပြေပျောက်နိုင်ကြပါစေ)

#Shwejue

#အဟောင်းလေး😁

Comments

  1. ချုပ်ဆေး နဲ့ ဘယ်သူကိုချုပ်ရပါ့😅😅

    ReplyDelete
  2. ဟူး မလွယ်ဘာလား 😂😂 ဒီတိုင်းလေးပဲနေသွားတော့မယ် 😁

    ReplyDelete
  3. မလွယ်ဘူး နော် ကိုယ်အတွက် တဲ့ 🤔🤔🤔

    ReplyDelete
  4. လူပျိုကြီးလုပ်တော့မယ်

    ReplyDelete

Post a Comment