နည်း တာ မှတ် လို့
မအူမလယ်
လူတစ်ယောက်
ဖုန်းဆိုင်တွင် ဖုန်း လာ ဝယ်သည်
ဆိုင်ရှင်က
အချဉ်မှန်း သိ၍
လူသိနည်းပြီး နာမည် သိပ်မရှိတဲ့
ဖုန်းတစ်လုံးကို
ဝယ်သူ လိုချင်လာအောင် အပြောကောင်းကောင်းနှင့် ပြောပြီး ဂျင်းထည့် ရောင်းသည်
" သုံးကြည့်ပါ အစ်ကို - ဒီဖုန်းက စျေးသက်သက်သာသာနဲ့ သုံးပျော်တဲ့ ဖုန်း တစ်လုံးပါ -"
" အသံတွေကော..ကောင်းလားဗျ ''
" ကောင်းပါတယ်ဗျ။ ဒီဘက်က ပြောရင် ဟိုဘက်က ကြားရပါတယ်.. ဟုတ် ''
" ဪ....မိုက်တယ်နော်။ .. ဘေလ်ကော စားလား အစ်ကို..''
" ဗျာ..''
" ဪ..ကားတွေ ဆိုင်ကယ်တွေဆို ဆီစားတာတွေ ဘာတွေ ရှိတယ်လေ.. ''
" ဪ...အဟေးဟေး..မစားဘူးဗျ..။ မစားဘူး.. စိတ်ချ.။ တစ်ထောင်ထည့်ရင် တစ်ထောင် သုံးရပါတယ်ဗျ..''
" တကယ်နော်''
" တကယ်ပါဗျ ''
" ဟို.. ဂရမ်နီ ကကော ခင်ဗျ "
" ဂရမ်နီက တစ်နှစ်ပါ အစ်ကို "
" ok ဒါဆို ယူမယ်ဗျာ "
ဝယ်သူကလည်း သိပ် နားမလည်တော့
ဆိုင်ရှင် ပြောတာ အဟုတ်မှတ်ပြီး ဝယ် သွားသည်
နောက် တစ်လလောက် ကြာတော့ ထိုဆိုင်ကို ဝယ်သူ ပြန်ရောက်လာသည်
" ဒီမှာ - ခင်ဗျားတို့ ဖုန်းက- ပြောတော့ ဂရမ်နီ တစ်နှစ် ဆို - ခု ကျတော် ဝယ်သွားတာ တစ်လပဲ ရှိသေးတယ် - ဖုန်းက သုံးလို့ မရတော့ဘူး - အဲ့ဒါ ဘယ်လို ပြန်လုပ်ပေးမှာလဲ ?"
ဆိုင်ရှင်က
" ဘောင်ချာ လေး ပြပါ အစ်ကို "
ဝယ်သူက ဘောင်ချာ ထုတ်ပေးလိုက်သည်
" ဒီမှာ ၅ လပိုင်း ၅ ရက်နေ့က ဝယ်သွားတာ "
ဆိုင်ရှင်က ဘောင်ချာကို ယူကြည့်ပြီး - ဝယ်သူ ကို " ခဏနော် အစ်ကို "ဟုဆ်ိုကာ
နောက်မှ စာရင်းကိုင် ဝန်ထမ်းကို လှမ်းမေးသည်
" မိုးမိုးရေ -- ဒီဖုန်းက ငါတို့ ဆိုင်ကို ဘယ်နေ့က ရောက်တာလဲ ?"
စာရင်းကိုင် ဝန်ထမ်းက စာရင်းစာအုပ်ကို လှန်လှော ရှာဖွေပြီး ပြန်ပြောသည်
" တွေ့ပြီ ဆရာ -26-5-2019 က ရောက်တာ ဆရာ "
ထိုအခါ
ဆိုင်ရှင်က ဝယ်သူကို ဤသို့ ပြန်ပြောလိုက်ပါတယ်
" ကဲ ခင်ဗျား ကြားတဲ့အတိုင်းပဲ - ဒီဖုန်းက ကျတော်တို့ဆိုင်မှာ ရောက်တာ ၁၁ လနဲ့ ၁၀ ရက် ရှိတယ် - အစ်ကို ဝယ်သွားတာက တစ်လ ရှိပြီ ဆိုတော့ ပေါင်းလိုက်ရင် - တစ်နှစ်နဲ့ ၁၀ ရက်တောင် ရှိပြီ -"
" အယ် "
" အဲ့တော့ - ကျတော်တို့ ဂရမ်နီ ပေးတာက တစ်နှစ် ဆိုတော့ - အစ်ကိုက ၁၀ ရက်တောင် ပိုသုံးလိုက်ရတယ်လေ - မဟုတ်ဘူးလား "
" တိန် "
😁😁😁😁😁😁😁
-------------------------------
လူချွန်တော်
Crd
#Kokolin
Comments
Post a Comment