ခေါင်းညိတ်တဲ့ဟင်းနုနွယ်



တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်နလို့ခေါ်တဲ့အလွန် ထုံအလွန်းသူတစ်ဦးနဲ့ သူ့အမေ ဒေါ်ဖွားရီတို့ သားအမိ ရှိကြသတဲ့။ မိခင်ဖြစ်သူဟာ နေ့စဉ် ရွာရိုးကိုးပေါက် လှည့်ကာ စျေးရောင်းရင်း အသက်မွေးရပါသတဲ့။ မောင်နမှာတော့ အလွန်ရိုးအ ထူထိုင်းလှသဖြင့် 

ဘာတစ်ခုမှ အဆင်ပြေပြေဖြစ်အောင် မလုပ်နိုင်ပါဘူး။


တစ်ခုမဟုတ် တစ်ခု အရာနဲ့အကြောင်းကြောင်းဖြစ်တတ်တာ မောင်နရဲ့ဓလေ့လိုဖြစ်နေပြီ။


တစ်နေ့တော့အမေဖြစ်သူမှ 


"သား မောင်နရေ 

မင်းမလဲ ဘာတစ်ခုမှ စိတ်ချလက်ချ ခိုင်းဘို့ မရဘူး၊ အမေစျေးရောင်းကအပြန် မှီအောင် ဟင်းနုနွယ် ဟင်းချိုလေးသာချက်ထား"


"ဟင်းအတွက်တော့ အမေ တစ်ခုခု စီစဉ်ခဲ့မယ်"


 ဟုပြောလေရာ။


"ဟင်းနုနွယ်ဆိုတာ ဘာလဲအမေ "


" မောင်နရယ် ဟင်းနုနွယ်တောင် မင်းမသိဘူးလား၊ နောက်ဖေးခြံစည်းရိုးမှာ တစ်ပုံချည်း" ဟုပြောရင်း စျေးရောင်းထွက်သွားလေရာ 

မောင်နလည်း ယောင်နနနဲ့ကျန်ခဲ့လေသည်။


ဒီလိုနဲ့မောင်နဟာ စမ်းတစ်ဝါးဝါးနဲ့ 

နောက်ဖေးခြံစည်းရိုးဖက် ထွက်ခဲ့ပါတော့တယ်။

စိတ်ထဲမှာလည်း ဒီတစ်ခါတော့အမှားအယွင်း မရှိစေရဘူးလို့ပိုင်းဖြတ်ထားတာပေါ့။


ဒီလိုနဲ့ အမေဖြစ်သူ စျေးရောင်းမှပြန်လာရာ 

မောင်နသည် ပုတ်သင်ညိုတစ်ကောင်ကို ဟင်းချိုချက်ထားသည်ကိုတွေ့ရလေသည်။


"မောင်နရယ် ငါနင့်ကို ဟင်းနုနွယ်လေး ဟင်းချိုချက်ထားပါဆိုတာ ခုတော့"


ထိုအခါ မောင်နမှ 


" ဒီတစ်ခါ သားမမှားပါဘူးအမေရာ၊ သေချာအောင် မင်း ဟင်းနုနွယ်လားလို့တောင် မေးလိုက်ပါသေးတယ်"


" သူကိုယ်တိုင်က ဟုတ်ပါတယ်ဆိုပြီး၊ ခေါင်းညှိမ့်ပြလို့ ရိုက်ချက်လိုက်တာပါ" ဟူသတတ်။

Crd 


မူရင်း creditပေးပါတယ်

Comments

  1. ခံစားချက်တွေပြင်းထန်နေတယ်ဒီနေ့

    ReplyDelete
  2. တွေးမိတိုင်းကိုယ့်ကိုကိုယ်ဒေါသထွက်နေမိတယ်

    ReplyDelete
  3. ဇဟာသလေးပေမယ့်မရယ်နိုင်ဘူးကွယ်သူရဲကောင်းတွေအတွက်ရင်တွေကွဲပီးရင်းကွဲ

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့