မြန်မာ့အသံ
မြန်မာ ၊အမေရိကန်၊ ဂျပန်၊သုံးယောက်ကို လူသားစားလူရိုင်းများဖမ်းမိသွားသည်...။
လူရိုင်းခေါင်းဆောင်က ပြောသည်..။
"မင်းတို့ထဲက အသံအကျယ်ဆုံးနဲ့ အကြာဆုံးအော်နိုင်တဲ့ ကောင် အသက်ရှင်ရမယ်”
အမေရိကန်က အကျယ်ကြီးအော်သည်........
" hello အမေရိကန်ပြည်ကြီး အဓွန့်ရှည်ပါစေ …"
တောထဲက ပဲ့တင်သံများထွက်လာသည်
" hello အမေရိကန်ပြည်ကြီး အဓွန့်ရှည်ပါစေ "
အော်သံက ၃မိနစ်ဘဲကြာသည်...အော်သံရပ်တော့
လူရိုင်းများက အမေရိကန်ကို သတ်ပစ်သည်....။
ဂျပန် ကလည်း ထအော်သည်..
" ဟိုင်း နိပွန်ပြည်ကြီး အဓွန့်ရှည်ပါစေ ”
ပဲ့တင်သံ များထွက်လာသည်..
"ဟိုင်း နိပွန်ပြည်ကြီး အဓွန့်ရှည်ပါစေ "
အော်သံက ငါးမိနစ်ဘဲ ကြာလိုက်သည်...
ဂျပန်ကိုလည်း သတ်ပြစ်ပြန်သည်...
နောက်ဆုံး မြန်မာ တစ်ယောက်ဘဲ ကျန်တော့သည်
လူရိုင်းများက မြန်မာကို ကြည့်နေသည်....
မြန်မာက ထ ပြီး အော်လိုက်သည်...
"ဟေးးးး ”
တောထဲက ပဲ့တင်သံ အကျယ်ကြီးဆက်တိုက်
ထွက်လာသဖြင့် လူရိုင်းများလည်း ကြောက်လန့်ပြီး
ထွက်ပြေးသွားကြသည်....
"မီးပြန်လာပြီကွ ”
:P
:P
#Credit_Org
Comments
Post a Comment