ကျုပ်တို့ရပ်ကွက်ထဲမှာ စတိုးဆိုင်လေးဖွင့်ထားတဲ့ ဒေါ်တင်တင်လှ ဆိုတာ
ရှိတယ်ဗျာ့ ။

သူ့သမီးနာမည်က ချိုချိုအောင် တဲ့ 
ဒေါ်တင်တင်လှ သမီးပဲ 
ချိုချိုအောင်လို့ နာမည်ပေးထားတာ ဘာဆန်းသလဲ နော့လေ😁

အဲ့တာကထားပါ အဓိကပြောချင်တာက ကျုပ်ကအဲ့ ချိုချိုအောင်ကို လွှတ်ကြိုက်တာဗျာ့ တွေ့တဲ့နေရာဖွန်ကြောင်တာပဲ😁 

ဘယ်လောက်ထိလဲဆို ကျုပ်က အလုပ်အားတာနဲ့ သူ့တို့စျေးဆိုင်ကိုသွား
တစ်ခုမဟုတ်တစ်ခု အမြဲတန်းသွားဝယ်နေကြပေါ့။
(ဖွန်ကြောင်ပြီးဝယ်တာ)😁

သူ့အမေ ဒေါ်တင်တင်လှ က အခြေလွှတ်ကြီးပါ့ဗျာ သူ့သမီးကို ဒီရပ်ကွက်ထဲက ဘယ်ကောင်နဲ့မှ တူတယ် တန်တယ် မထင်ဘူးဗျာ့ ။

အဲ့မှာကျုပ်ကလည်း သူ့သမီးကို အချိန်ရရင် ရသလို ဖွန်ကြောင်နေတော့ အဖွားကြီးက ကျုပ်ဆိုကြည့်မရဘူးဗျို့ ။

ကျုပ် စျေးသွားဝယ် ဖွန်ကြောင်တိုင်းလဲ အဖွားကြီးကပဲ ထွက်ထွက်ရောင်းတာ ။

ကျုပ်ကလည်း အဖွားကြီး အလစ်ကို ချောင်းချောင်းပြီး မရ ရအောင်ကြောင်ရတာပေါ့ဗျာ။

ခုလဲ အလုပ်လေးကလည်းနားရတော့ 
ဖွန်လဲကြောင်ရင်း ဖုန်းဘေလေးလဲဝယ်ရင်းနဲ့ သူ့တို့ဆိုင်ဘက်ကိုထွက်လာခဲ့တာ။ 

ကံကောင်းချင်တော့ အဖွားကြီးကမရှိပဲ သူသမီးက ဆိုင်ထိုင်နေတာ ကျုပ်အဖို့
 ဂွင်တည့် သွားတာပေါ့😁

ကျုပ်လဲ မျက်နှာကိုအစွမ်းကုန်ဖြီးပြီး ညီမရေ အစ်ကို့ ကို အတံ(ATOM) တစ်ထောင်ဖိုး လောက်လို့ပြောလိုက်တာ ကျုပ်ကို ဘာမပြော ညာမပြောနဲ့ ပါးထရိုက်လိုက်တာများဗျာ ။

ကျုပ်မျက်လုံးထဲ ကြယ်တွေ လတွေကိုမြင်သွားတာပဲ။ 

ကိစ္စကအဲ့မှာတင်မပြီးပဲ သူ့အမေ ဒေါ်တင်တင်လှကြီးကို အော်ခေါ်ပြီး
သားမိနှစ်ယောက်ဝိုင်းဗျင်းတာများအပြေးကောင်းလို့ပေါ့ 

ဒါ​တောင် ကျုပ်မှာ ခေါင်းကငါးချက်ချုပ်ရပြီး လက်တစ်ဖက်က သွင်သွင်ကျိုး ခြေတစ်ဖက် အရိုးအက်သွား​ လို့ပါဗျာ။ 😔

ဘာလို့ခုလို လုပ်ရတာလဲလို့ စုံစမ်းကြည့်တော့ ကျုပ်က သူ့သမီးကို ကာအိန္ဒြေဖျက်စီးလို့တဲ့၊ ပါးစ​ပ်ကနေ နှစ်မသားချင်းမစာ ပေါက်ပန်းလေးဆယ်ပြောလို့တဲ့😔

မိန်းကလေးတစ်ယောက်ထဲ စျေးရောင်းနေတာကို အတံ (ATOM) တစ်ထောင်ဖိုး ဆိုပြီး လာဝယ်လို့တဲ့ ။

ရပ်ကွက်ရုံးတောင် တိုင်ထားတယ်ပြောတယ်ဗျ။😔

Telenor ရယ် ခင်ဗျားကလည်း နာမည်လေးပြောင်းတာဗျာ တစ်ခြားနာမည်ပြောင်းပါလား ။

ခုတော့ အတံ (ATOM)တဲ့။ 

ဘာတဲ့ ဆောင်ပုဒ်လေးက 

ပိုမိုကောင်းမွန်သော

နေ့သစ်များဆီ

အတူလျှောက်လှမ်းဖို့ 

အဆင်သင့်ဖြစ်နေပါပြီ။ တဲ့

ခင်များအဆင်သင့်ဖြစ်မဖြစ်တော့မသိဘူး။

ကျုပ်ကတော့ ခေါင်းကွဲ လက်ကျိုး
ခြေထောက်အရိုးအက်ပြီး
ခဏနေရင် ရပ်ကွက်ရုံးမှာ သွားရှင်းရတော့မယ်ဗျာ့😔

ခင်ဗျားတို့လဲ နောက်ဆို ဖုန်းဘေဝယ်ရင် သတိထားဝယ်ကြနော် ကျုပ်လိုအဖြစ်မျိုးနဲ့ကြုံရမယ်။😁
.
.
.
.
.
.
.
.
.
ငိ့ငိ့😁😁😁

 ဘဝအမောများ ခဏတာ ပြေပျောက်နိုင်ပါစေ။

#SNLA

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့