Acc အသစ် ဖွင့် ချင် လို့

 ဘဏ် ထဲ သို့

အလွန်သန့်ပြန့် ချောမောခန့်ငြားသော ချွန်ချွန် ဆိုသော လူငယ်လေး တစ်ဦးဝင်လာသည်..


ဤအခါ

ဘဏ်ဝတွင် တန်းစီနေသော လူအုပ်ကြီးက..


" ဟေ့ဟေ့..မင်း အဲ့လို ဝင်လို့ မရဘူးကွ ။ ငွေထုတ်မယ် ဆို..ဟိုး နောက်မှာ သွားတန်းစီပါ..''


ထိုအခါ

ချွန်ချွန် ဆိုသော လူငယ်လေးက..

တန်းစီရန် ပြောသော ဦးလေးကြီးကို

ရိုမီယို အပြုံးဖြင့် တစ်ချက်ကြည့်လိုက်ရင်း..


" ကျုပ်က ငွေထုတ်မယ့်သူ မဟုတ်ဘူးလေ ဦလေးရဲ့..ဟဲဟဲ.''


" အမ်..''


လူငယ်လေး၏စကားကို

ကြားသွားသော ဘဏ်မန်နေဂျာမလေးက..

အားရဝမ်းသာဖြင့်..

ထိုင်ရာက..ဂမူးရှူးထိုး ပြေးထွက်လာပြီး..


" ဟိုဟို..ဒါ ဒါဆို.. အစ်ကိုက ဘာအတွက်များလဲရှင်..''


လူငယ်လေးက

ဟန်ပါပါ ပြုံးလိုက်ရင်းက..


" acc သစ် ဖွင့်ချင်လို့ပါ..''


" အို...''


ဘဏ်မန်နေဂျာမလေးခမျာ..

ကြားလိုက်ရတဲ့ လူငယ်လေးရဲ့စကားကြောင့်..

ခွေးပု သေတဲ့ သတင်းကြားသလို

ထခုန်မိမတတ် ဝမ်းသာသွားပြီ..


" ဟေ့..acc သစ်ဟေ့..''


" ဟာ acc သစ်တဲ့ဟ..''


ဘဏၱစၡဳလုံး..

ပျာယာ ခတ်သွားကြပြီး..


" ကြွပါရှင်..ကြွပါ..။ သက်သောင့်သက်သာ အနားယူပါ..''


" ဟုတ်ကဲ့ပါ.''


" ဒါနဲ့ အပူအအေး ဘာများ သုံးဆောင်ချင်ပါသလဲ ရှင်..''


" ရပါတယ်..ဘာဖြစ်ဖြစ်ပေါ့..''


" ဪ..ဟုတ်ကဲ့ရှင့် ။ ဒါဆို ကော်ဖီပဲ လုပ်လိုက်မယ်နော် ။ ဟေ့..ဒီက အစ်ကို့အတွက် နှပ်ကော်ဖီလေး လုပ်ပါဟေ့..''


ဘဏ်မန်နေဂျာမလေး

ပျူငှာစွာ နေရာထိုင်ခင်း စီစဉ်ပေးပြီး

ကော်ဖီပါ ဧည့်ခံလို့..


" ဒါနဲ့ အစ်ကို ဖွင့်ချင်တဲ့ acc သစ်လေး ပြောပါအုံးရှင့်..''


ထိုအခါ

လူငယ်က..


" အမ်..နာမည်ကိုတော့....#ဒေါ်ထွေးသားအငယ်ကောင် ဖြစ်ဖြစ်...။ #မိန်းမသုံးယောက်ယူမယ့်ကိုလူပျို ဖြစ်ဖြစ်...ထည့်လိုက်ပါ..''


" ရှင်...''


"အယ်.. ပြီးရင် သုံးလို့ရမယ့် VPN ပါ..တစ်ခါတည်း ချိတ်..ချိတ်ပေးအုံးနော်....''


" အို မဟုတ်ဘူးလေ ။ဘာတွေ ပြောနေတာလဲ ။ အစ်ကို ဘဏ် acc သစ် ဖွင့်မယ့်ကိစ္စ ပြောတာ. ...''


" ဟာ..ဘာ ဘဏ် acc သစ်လည်း..ရူးနေလား..။ ငါက facebook acc သစ် ဖွင့်မလို့ဟဲ့..''


" ဘာ...!''


" အယ်..''


ချက်ချင်းဆိုသလို..

ပြုံးချိုနေသော ဘဏ်မန်နေဂျာမက..

မအလကို အာဠာဝက ဝင်စီးသလို ဖြစ်သွားပြီး..


" ရှင် ရှင် ရှင်....''


" အမ်. ''


" ဂါးးး..''


" ဟာ..ဘာလဲ?.''


ဘဏ်မန်နေဂျာမက..

အစွယ်အဖွေးသားနဲ့ အနားကပ်လားလို့..


အခြေအနေ မဟန်တော့တာနဲ့

အမြန် ပြန်ပြေးခဲ့ရပါလေရောလား....😁


အမလေး အမလေး..

fb လေး သုံးချင်လို့ဟာကို.

တကတည်း.😁😁


လူချွန်တော်crd

Comments

Popular posts from this blog

ချောတယ်လို့