Posts

Showing posts from May, 2022

IQ တိုင်း နည်း

 ကားမောင်းတာကို ကြည့်ပြီး  လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို  တိုင်းတာလို့ရပါတယ်။ ဥပမာ  🐓Left or Right Signal မပြဘဲ  တစ်ဖက် ယာဉ်ကြောကို ဝင်ရင် ကြက်ဦးနှောက်။ ကြက်တွေက ဘယ်တော့မှ Signal ပြလေ့မရှိဘူး 🐂🐂ကားပါကင်ကို လမ်းပေါ်မှာ ဒီအတိုင်း ရပ်ထားခဲ့ရင်  နွားဦးနှောက်။ နွားတွေက သူတို့ လှဲချင် အိပ်ချင်တဲ့ နေရာမှာ  လှဲအိပ်လိုက်တာပဲ။ 🐐🐐 မီးပွိုင့်မှန်းလည်း သိတယ်  ကားပိတ်နေမှန်းလည်း သိတယ်၊ ဒါပေမယ့်  ဟွန်းကို ဖိတီးတယ်  ဒါဆို သေချာတယ် အဲ့ကောင် ဆိတ်ဦးနှောက်။ ဆိတ်တွေက လိုလိုမလိုလို တပဲပဲနဲ့လေ။ 🦆🦆တစ်ချို့ကျတော့ လမ်းလယ် ယာဉ်ကြော  ဒါမှမဟုတ် အပေါ်ကြောက မောင်းတယ်  မောင်းတော့ တစ်လမ်းလုံးကို ဝယ်ထားသလို  ကီလို ၂၀ လောက်နဲ့ ပြည်လမ်းပေါ် မောင်းနေပြီ ဆိုရင်  ဘဲဦးနှောက်။ ဘယ်သူလာလာ မလာလာ ဘယ်သူပဲ နောက်မှာရှိရှိ  ကားယားကားယားနဲ့ သွားနေတဲ့ ဘဲမျိုး ဘဲနွယ်။ (ထပ်စဉ်းစားမိရင် ထပ်ဖြည့်ပါမည်)😫 စည်းကမ်းမဲ့ကားများရပ် Crd. 😛😛

လူ

 ယူလေ ယူလေ ======== ရှေးတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးတူမ  အပျိုကြီးတစ်ယောက်ရှိတယ်...။  အသက်ကလည်း လေးဆယ်ကျော်ပြီ.. သူ့ရွာမှာ ကြိုက်မယ့်သူလည်း  တစ်ယောက်မှ မရှိတဲ့အပျို ကြီးဟာ ဖြစ်မျ ားဖြစ်ချင်တော့  တခြားတစ်ရွာသား မောင်ထင်ဆိုသူနဲ့သွား ချစ်ကျွမ်းဝင်မိပါသတဲ့...။ ယောက်ျားယူချ င်တာ ဆတ်ဆတ်တက်ဖြစ်နေတဲ့ အပျို ကြီးဟာ ရွာပေါ်မှာ အမျိုးဆိုလို့  တစ်ယောက်ထဲရှိတဲ့ ဘဘုန်းကိုတော့  အသိပေး တိုင်ပင်ခဲ့ပါတယ်...။ ဦးရီးတော်မို့ တိုင်ပင်တာပါဘုရား.. ဟိုရွာကမောင်ထင်နဲ့တပည့်တော်မ  ယူသင့် မယူသင့် အကြံဉာဏ်လေးများ တဆိတ်လောက် ပေးတော်မူပါအုံးဘုရား..." ဆိုတော့... ဘုန်းဘုရားဟာ..တူမအရင်းမို့သာ  မပြောသာပေမယ့်စိတ်ထဲကတော့  လောကုတ္တရာသားတစ်ယောက်ကို... နင်တို့ လောကီရေးရာအမှု တွေ  လာရှုပ်ရကောင်းလားလို့ ညိုညင်မိပါသေးတယ်... ဒါပေမယ့် ကိုယ့်ကို...တိုးတိုးဖော်..တိုးတိုးဖက်  လုပ်လာတော့လည်း ဥပေက္ခာမလုပ် ကောင်းပါဘူးလေ..ဆိုပြီးတော့... နင်တို့ အရေးကိစ္စ..အထွေထူး  နှုတ်နဲ့မပြောလိုပေဘူး.. ဒီမှာ ..ငါ ကြေးစည်ထုပြမယ်.. ငါ့ ကြေးစည်သံကို..နင့်ဟာ နင် အဓိပ္ပါယ် ဖော်ယူချေ .. " လို့.....

Real Age

 😁😁😁 မေ့ဆေး ဆရာဝန်က အပျိုကြီးကို မေးလိုက်တယ်။ "အသက် ဘယ်လောက် ရှိပြီလဲ" "၂၄ နှစ်" "အသက် အမှန် ဖြေနော် .... မေ့ဆေးက အသက် အရွယ် အရ ပေးရတာ ဆိုတော့" " ၃၂ " "အသက် မမှန်ဘူး ဆိုရင် မေ့ဆေး ပေးပြီး ခွဲစိတ်တဲ့ အချိန်မှာ နိုးလာ တတ်ပြီး နာနေ လိမ့်မယ်နော်" "၄၀ ပါ" "အသက် တိကျမှ ... ဒါမှ မဟုတ်ရင် မေ့ဆေးကြောင့် အသည်း ထိခိုက်ပြီး ကိုမာ ဝင်သွား မှာနော်" "၄၉ ဟဲ့ ၄၉ ...  ဒီထက်တော့ မကြီးပေး နိုင်တော့ဘူး... မေ့ဆေးပေး ခွဲစိတ်ပြီး သေရင် သေပစေ တော့ ၄၉ ပဲ... ဟွန်း ..." 😁😁😁 . . crd 

သာ ဓုခေါ် ရန်

 တစ်ခါက ရွာတစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့။ အဲဒီရွာမှာပဲ မြို ကရောက်လာတဲ့ အင်မတန်အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာစားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။ ကျေးလက်ဒေသရဲ့ဓလေ့စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့။ ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာလူရှုပ်နဲ့ အကြောင်းပါပါလေရော။ လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင်ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာလူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်ပါတယ်။ မိန်းမဖြစ်သူရဲ့အသုဘမှာလူရှုပ်ဟာ အမျိုးမျိုးသောအလွမ်းအဆွေး တမ်းတမှုတွေနဲ့ကျူကျူပါအောင်ငိုပါတယ် ယောက်ခမခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်းလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကို နားထောင်ရင်းကရုဏာဖြစ်မိကြတယ်။ ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်းလူရှုပ်ကသူရဲ့ နောက်ဆုံးငိုကြွေးတမ်းတခြင်းကို ဟန် အပြည့်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ အောက်မလေး မောင့်အချစ်ရဲ့မင်းနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့ တဲ့စကား ကို မောင်မပြောရက်ပါဘူး မော...

ဟုတ် လား

  စခန်းမှူးကြီး အကြီးအကျယ် ဒေါဖောင်းနေသည်၊ သူ့အိမ်မှာ---ဆေးတံ ပျောက်သွားလို့---တဲ့၊ စခန်းက သူ့ရဲဘော်တွေကို ဖုန်းဆက်အကြောင်းကြားလိုက်သည်--- “အမြန်ဆုံး ရအောင်ရှာဖွေ ဒါပဲ---” စခန်းက--ဦးဦးရဲသားကြီးတွေ အလုပ်ရှုပ်ကုန်ကြပြီ၊ တရားခံ အမြန်ဆုံးဖော်ထုတ်ရမည်၊ ဖြစ်နိုင်ခြေရှိမည့် ရာဇဝင် လူဆိုး သူခိုးများကို ဆွဲစေ့လိုက်၏၊ တွေ့ပြီ တရားခံ---- ညနေမှာ--ဝမ်းသာအားရ ဖုန်းဆက်လိုက်သည် “ဆရာ---ဆေးတံခိုးတဲ့ တရားခံ မိၿပီ” “ဟေ---ဟုတ်ဘူးကွ--ငါအထားမှားတာ အိမ်မှာ ပြန်တွေ့ပြီ” “အားလုံးက ခိုးပါတယ်လို့ ဝန်ခံပြီးပြီ ဆရာ” ဟေ.ဟုတ်လား🙄🙄😷 Crd.

မှတ် ကရော့

  ဗန်းမောက်မြို့နဲ့ ​လေးငါးမိုင်လောက်မှာ  ရှမ်းပန်းကဒူး ရွာလေးတစ်ရွာရှိပါတယ်။  အိမ်​​ခြေက နည်းနည်း၊ လူဦးရေကလည်း  နည်းနည်းလေးပါ။ တစ်ရွာလုံးက လယ်ယာစိုက်ပျိုးရေးကိုပဲ အဓိကထားလုပ်ကိုင်ကြတာပါ။ရေမြေကောင်း တော့ ဆန်စပါးအ​ပြင် ရာသီပေါ် သီးနှံလေးတွေ နဲ့ ဟင်းသီးဟင်းရွက်လေးတွေလည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုး​ကြပါတယ်။  ရိုးသားတဲ့ တောသူတောင်သားတွေမို့ ခေတ်မီ ဆန်းပြားတဲ့ပစ္စည်း ဘာတစ်ခုမှ မရှိကြဘူး။  ကုန်ကုန်ပြောရရင် တစ်ရွာလုံးမှာဘယ်အိမ်မှ  နာရီမရှိဘူး။ မရှိဆို လိုမှ မလိုတာကိုး။တကယ်လို့  အချိန်အတိအကျသိချင်တယ်ဆိုရင်လည်း  ရွာထိပ်ဘုန်းတော်ကြီးကျောင်းက ရှေးဟောင်း နာရီကြီးကို ပြေးကြည့်လို့ရတယ်လေ။  နေ့တဓူဝ သာမန်လုပ်ရိုးလုပ်စဥ် အလုပ်တွေကို တော့ နေကိုကြည့်ပြီး အချိန် ခန့်မှန်းလို့ရသလို၊ဘုန်းကြီးကျောင်းက မနက်စောစော ဆွမ်းချက် ထဖို့ တုံးမောင်းခေါက်တဲ့အသံ ၊ဆွမ်းစားဖို့  တုံးမောင်းခေါက်တဲ့အသံ ၊ကြေးစည်ထုသံ၊ မောင်းတီးသံတွေကို နားထောင်ပြီး သွားကြ၊ လာကြ လုပ်​ကြကိုင်ကြတာပါ။  ရွာက အမျိုးသမီးအများစုက သူတို့အခင်းက ထွက်တဲ့ အသီးအနှံ​လေးတွေနဲ့ တောထဲတောင် ထဲက ရှာဖွေလ...

ကျွန်တော် နဲ့ မသာ ဒိုင်လူကြီး

ကျွန်တော် မသာဒိုင်လူကြီး ဆိုတာကို တွေ့ဖူးတယ်။ ဘယ့်နှယ့် ဒိုင်လူကြီးကတော့ ဟုတ်ပါပြီ....မသာဒိုင်လူကြီး ဆိုတာ ဘယ်လိုဟာတုန်း။  ရှိပါ့မလား လို့ မေးလာရင်တော့...ရှိတယ်လို့ပဲ ဖြေရမှာပါ။ ကျွန်တော် မရမ်းကုန်း၊ အောင်မင်္ဂလာရပ်ကွက်ထဲ အဆောင်နေစဉ်ကပေါ့။ မနီ၊ မသီ၊ မကြည် ဆိုတဲ့ ညီအမတွေရှိတယ်။ မနီ က အကြီးဆုံး ၊ အပျိုကြီး။ ကုန်စုံဆိုင်ရှိတယ်။ မသီ က မုဆိုးမ၊ ထမင်းဆိုင်ဖွင့်ထားတာ။ သူ့သမီးကြီး သွယ်သွယ်အောင်လေးက ဒေးတက်နေတာ။ချောချောလေး။ သမီးငယ် နွယ်နွယ်အောင်က ဆယ်တန်း။ ဒါလေးလည်း ရပ်ကွက်ရဲ့ ဖွန်တက္ကသိုလ်အတွက် ဗိုလ်လောင်းလေးပဲ။ ကဲ..ဒီတော့..ဒီကလေးမတွေ ပညာရေးအတွက်...မသီ ရဲ့ ဆိုင်မှာ ထမင်းနေ့တိုင်းဝယ်စားဖို့က လွဲပြီး ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိ။ မကြည် ကျတော့လည်း အသက် ၃၀ လောက်ဆိုတော့..အပျိုမကြီးတကြီး၊ တောင့်တောင့်ဖြောင့်ဖြောင့်ကြီး ။ ပြီးတော့ ရေလုပ်ငန်း၊ပုလဲဦးစီးဌာနက အရာရှိတဲ့။ မသီထမင်းဆိုင် နဲ့ ကျွန်တော်တို့က တအားရင်းနှီးကြတာ၊ တခါတလေ ပုလင်းယူသွားပြီး အဲ့ဒီဆိုင်မှာပါ သောက်လို့ရတဲ့အထိကို ရင်းနှီးတာ။ အဲ...ဒီလိုရင်းနှီးဖို့ဆိုတာလည်း..လွယ်လွယ်တော့ ဘယ်ရမလဲ။ သူတို့ ညီအမတွေ အိမ်မှာ မီတာခဆောင်တာကအစ၊ အီးတွင်းတူးတ...